ရန်ကုန်နည်းပညာတက္ကသိုလ် တွင် ကျောင်းတက်နေသည့် ကျောင်းသား/ကျောင်းသူများကို NUG အကြမ်းဖက်အဖွဲ့အား ထောက်ခံသူများက ခြိမ်းခြောက်နေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်နည်းပညာတက္ကသိုလ် တွင် ကျောင်းတက်နေသည့် ကျောင်းသား/ကျောင်းသူများကို NUG အကြမ်းဖက်အဖွဲ့အား ထောက်ခံသူများက ခြိမ်းခြောက်နေ




MNP ၊ ဒီဇင်ဘာ ၂၂

ရန်ကုန်နည်းပညာတက္ကသိုလ် (ယခင်RIT)ကျောင်းတွင် ကျောင်းတက်နေသည့် ကျောင်းသား/ကျောင်းသူများ စာရင်းကို ထုတ်ပြန်၍ NUG အကြမ်းဖက်အဖွဲ့နှင့် ဆက်နွယ်သူများက ခြိမ်းခြောက်မှုများ ပြုလုပ်လျက်ရှိကြောင်း ကျောင်းသားမိဘတစ်ဦးက ဆက်သွယ်ပြောကြားသည်။


မြန်မာနေရှင်နယ်ပို့စ် သို့ ဆက်သွယ်ပြောကြားသည့် ကျောင်းသားမိဘက "ဒီကျောင်းသားစာရင်းတွေကို ဘယ်လို ရသလဲပေါ့နော်။ ကျောင်းထဲမှာ NUG အကြမ်းဖက်အဖွဲ့ဝင်တွေရှိနေသလား။ ကျောင်းအဆောင်မှာနေတဲ့ ကျောင်းသားတွေလည်း ရှိတယ်။ အပြင်ကနေ သွားတက်ရတဲ့ ကျောင်းသားတွေလည်း ရှိတယ်။ ဒါမျိုးတွေ လုပ်နေတော့ ကျောင်းသွားတက်ရတာလည်း ရင်တထိတ်ထိတ်နဲ့ ဖြစ်နေရတယ်။ နောက်ပြီး ဒီကျောင်းထဲက သတင်းထွက်တာ အရမ်းမြန်တယ်။ ပါချုပ် အလှူလုပ်တယ်။ မိနစ်ပိုင်းအတွင်း အကြမ်းဖက်လှုံ့ဆော်တဲ့ စာမျက်နှာတွေက တက်လာတယ်။ ပညာရေးဝန်ကြီးလာတုန်းကလည်း ဒီလိုပဲ။ သတင်းဓာတ်ပုံတွေက ချက်ချင်း အကြမ်းဖက်လှုံ့ဆော်တဲ့ သူတွေဆီ ရောက်သွားတယ်။ နောက်ပြီး ကျောင်းရဲ့ လုံခြုံရေးက စနစ်တကျ စိစစ်တာ မရှိဘူး။ ဝင်တာ ထွက်တာကို မှတ်တမ်းယူတာပဲ ရှိတယ်။ ကျောင်းသားလား၊ အပြင်လူလား စိစစ်ခြင်းမရှိဘဲ ဝင်ထွက်ခွင့် ပြုနေတာ။" ဟု ပြောသည်။


RIT ကျောင်းသားများစာရင်းကို ရယူ၍ NUG အကြမ်းဖက်အဖွဲ့ကို ထောက်ခံအားပေးသူများက ကျောင်းသားအမည်ပျက်စာရင်း ဟု ခေါင်းစဉ်တပ်၍ University Council - YTU telegram မှ "တရားမဝင်ဖွင့်လှစ်ထားသော အရည်အသွေးအာမခံချက်နှင့် ပွင့်လင်းမြင်သာမှုကင်းမဲ့နေသည့် သင်တန်းအစီအစဉ်များတွင် တက်ရောက်နေသည့် ကျောင်းသား ကျောင်းသူများအား ရန်ကုန်နည်းပညာတက္ကသိုလ်အနေဖြင့် အမည်ပျက်စာရင်းသွင်းကြောင်း ကြေညာအပ်ပါသည်။" ဟု ရေးသားဖော်ပြထားသည်။


အကြမ်းဖက်အဖွဲ့များ၏ ခြောက်လှန့်မှုများ ရှိနေပြီး လုံခြုံရေးအားနည်းခြင်း၊ စည်းကမ်းတင်းကြပ်မှု မရှိခြင်းနှင့် ကျောင်းအတွင်း ရှိနေပြီး အကြမ်းဖက်အဖွဲ့များဘက်မှ ရပ်တည်နေသူများ ရှိနေနိုင်ခြင်းတို့ကြောင့် ကျောင်းသား မိဘများအနေဖြင့် စိုးရိမ်နေရသည့် အပေါ် တာဝန်ရှိသူများအနေဖြင့် တိတိကျကျ စိစစ်၍ ကျောင်းသား/ ကျောင်းသူများ အကြမ်းဖက်အန္တရာယ် မကျရောက်စေရန် အလေးထား ဆောင်ရွက်ပေးစေလိုကြောင်း ကျောင်းသားမိဘတစ်ဦးက ဆက်သွယ်ပြောဆိုသည်။


#ရန်ကုန်နည်းပညာတက္ကသိုလ် #အင်းစိန်

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)