NUG ခိုးသားငါးရာကို ကိုးကွယ်မိရင် ထမီကိုကိုးကွယ်တာထက် ပိုပြီး ဒုက္ခတွေ့လိမ့်မယ် ဟု အမျိုးသားရေးဦးဆောင်ဆရာတော် မိန့်ကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

NUG ခိုးသားငါးရာကို ကိုးကွယ်မိရင် ထမီကိုကိုးကွယ်တာထက် ပိုပြီး ဒုက္ခတွေ့လိမ့်မယ် ဟု အမျိုးသားရေးဦးဆောင်ဆရာတော် မိန့်ကြား






MNP ၊ ဒီဇင်ဘာ ၂၁

ယနေ့ မန္တလေးမြို့တွင် ကျင်းပသော အကြမ်းဖက်မှုများ ရှုတ်ချပွဲတွင် NLD အစွန်းရောက်များ ဖွဲ့စည်းထားသည့် CRPH, NUG, PDF အကြမ်းဖက်အဖွဲ့များ၏ လုပ်ရပ်များအပေါ် အမျိုးသားရေးဦးဆောင်ဆရာတော်က NUG ဟာ ခိုးသားငါးရာ ဖြစ်ပြီး ခိုးသားငါးရာကို ကိုးကွယ်မိရင် ထမီကို ကိုးကွယ်တာထက် ပိုပြီး ဒုက္ခတွေ့လိမ့်မယ်လို့ မိန့်ကြားသွားခဲ့ပါတယ်။


ဆရာတော် က ပြည်သူ့ကာကွယ်ရေး အမည်ခံထားတဲ့ PDF ဟာ သံဃာတော်များ၊ ဆရာ/ ဆရာမများ၊ အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများ၊ ရဲဝန်ထမ်းများ၊ ကလေးသူငယ်များ၊ ဈေးရောင်းဈေးဝယ်များမကျန် သတ်ဖြတ်နေတာဟာ ဘယ်ပြည်သူကို ကာကွယ်နေတာလဲ ဟု ထည့်သွင်းမိန့်ကြားခဲ့ပြီး ဒူးဝါလရှီးလ၊ ဆာဆာ၊ ဇော်ဝေစိုး၊ မင်းကိုနိုင် တို့ကို နာမည်တပ်၍ သတ္တိရှိရှိ မင်းတို့ ရှေ့က ထွက်တိုက်တဲ့နေ့ မင်းတို့ရဲ့ တော်လှန်ရေးအောင်မြင်မှာ ဖြစ်ကြောင်း၊ ဆရာတော် သံဃာတော်များဟာ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာ၊ ပြည်သူလူထုအကျိုးစီးပွား၊ အမျိုးဘာသာ သာသနာ (၃)ချက်ကို ဦးထိပ်ထားပြီး ပြည်သူ့အကျိုးစီးပွားကို ဖော်ဆောင်တဲ့ မည်သူနဲ့မဆို လက်တွဲမှာဖြစ်ကြောင်း၊ အမျိုးဘာသာ သာသနာကိုအလေးအမြတ်ထားတဲ့ မည်သည့်ပုဂ္ဂိုလ် အဖွဲ့အစည်းနှင့်မဆို လက်တွဲမှာဖြစ်ကြောင်း၊ NLD ကို ထောက်ခံပေးမှုမပြုခြင်းမှာ အာဏာရသည့်ကာလ ပြည်သူလူထုရဲ့ အကျိုးစီးပွားကိုလည်း ဖော်ဆောင်ခြင်းမရှိသလို အမျိုး ဘာသာ သာသနာကို စော်ကားခဲ့ခြင်းကြောင့် မထောက်ခံခြင်းဖြစ်ကြောင်း၊ ငါ့ပါတီကို မထောက်ခံတဲ့သူ မှန်သမျှ လိုက်သတ်နေတာ ဒီမိုကရေစီလား၊ သံဃာတော်မချန်၊ ကလေးသူငယ်မကျန် လိုက်သတ်နေတာ မင်းတို့ရဲ့ လူသားချင်းစာနာမှုက ဘယ်မှာလဲ ဟု မေးခွန်းထုတ်သွားခဲ့သည်။

ဆရာတော်က "ပြည်သူလူထုကို ကျုပ်အသိပေးချင်တယ်။ NUG ခိုးသားငါးရာကို ကိုးကွယ်ရင်တော့ဖြင့် ထမီကို ကိုးကွယ်တာထက်ပိုပြီး ဒုက္ခတွေ့လိမ့်မယ်။" ဟု မိန့်ကြားသွားခဲ့ခြင်း ဖြစ်သည်။


(အမျိုးသားရေး ဦးဆောင်ဆရာတော်၏ သြဝါဒ ရုပ်သံကို ဆက်လက်ဖော်ပြပေးပါမည်။)

  

https://t.me/MyanmarNationalPost


မြန်မာနေရှင်နယ်ပို့စ် သို့ သတင်း၊ ဆောင်းပါး၊ ပေးစာများ  ပေးပို့လိုပါက Viber - Telegram - 09692366274 သို့ ပေးပို့နိုင်ပါသည်။ ဖုန်းခေါ်ဆိုခြင်း မပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)