PDF (YUG)၁၁ ဦး ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

PDF (YUG)၁၁ ဦး ဖမ်းဆီးရမိ











ဒီဇင်ဘာ ၁၆

YUG အဖွဲ့ဝင်များသည် ကယားပြည်နယ်ဘက်သို့ သင်တန်းတက်ရောက်ရန် ရွာငံမြို့နယ်၊ နွားဘန်းကြီး ကျေးရွာ၏ အနောက်ဘက်မှ ရွာငံ-အောင်ပန်းလမ်းကြောင်းအတိုင်း မော်တော်ဆိုင်ကယ်များဖြင့် ထွက်ခွာလာစဉ် အောင်ပန်းမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ “နေလ” ကွမ်းယာဆိုင်အနီး၌ ၂၀၂၂ ဒီဇင်ဘာ ၁၃ ရက် ရောက်ရှိစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးထိန်းသိမ်းခဲ့ပါသည်။


၎င်းတို့၏ထွက်ဆိုချက်အရ ရွာငံမြို့နယ်၊ နွားဘန်းကြီး ကျေးရွာ၏အနောက်ဘက် တွင် YUG အကြမ်းဖက်အဖွဲ့ မှပို့ချသောသင်တန်းအားတက်ရောက်ခဲ့ပြီး အကြမ်းဖက်လုပ်ငန်း ဆောင်ရွက်မှုများအနေဖြင့် -

၁။ ၂၂-၁၂-၂၀၂၁ ရက်နေ့တွင် ရွာငံမြို့နယ်၊ နွားဘန်းကြီးကျေးရွာနေ ဦးမျိုးလေး အား လုပ်ကြံမှု။

၂။ ၈-၁-၂၀၂၂ ရက်နေ့တွင် ရွာငံမြို့၊ ကွက်သစ်ရပ်ကွက်နေ ငဖြိုး အား လုပ်ကြံမှု။

၃။ ၂၅-၁-၂၀၂၂ ရက်နေ့တွင် ပင်းတယမြို့နယ်၊ ပန်းစစ်ကျေးရွာနေ ကျော်ဝင်း အား လုပ်ကြံမှု။

၄။ ၃၁-၁-၂၀၂၂ ရက်နေ့တွင် ရွာငံမြို့နယ်၊ ပိန္နဲကုန်းကျေးရွာရှိ Mytel ဖုန်းတာဝါတိုင်အား မီးရှို့ဖျက်ဆီးခဲ့မှု။

၅။ ၈-၂-၂၀၂၂ ရက်နေ့တွင် ရွာငံမြို့နယ်၊ နွားဘန်းကြီးကျေးရွာနေ ဘုန်းကျော် အား လုပ်ကြံမှု။

၆။ ၂၅-၂-၂၀၂၂ ရက်နေ့တွင် ရွာငံမြို့၊ ဈေးတန်းရပ်ကွက်၊ ပြည်သာယာလမ်းရှိ ကမ္ဘောဇ ဘဏ်ခွဲအား ဗုံးပစ်ပေါက် ဖောက်ခွဲမှု။

၇။ ၅-၃-၂၀၂၂ ရက်နေ့တွင် ရွာငံမြို့နယ်၊ လယ်ကိုင်းကျေးရွာနေ သိန်းဆောင် အား လုပ်ကြံမှု။

၈။ ၂၅-၃-၂၀၂၂ ရက်နေ့တွင် ပင်းတယမြို့နယ်၊ အင်းငယ်ကျေးရွာရှိ Mytel ဖုန်းတာဝါတိုင်အား ဗုံးဖောက်ခွဲမှု။

၉။ ၂၉-၃-၂၀၂၂ ရက်နေ့တွင် ရွာငံမြို့နယ်၊ အလယ်ချောင်ကျေးရွာနေ ညီထွေး အား လုပ်ကြံမှု။

၁၀။ ၉-၄-၂၀၂၂ ရက်နေ့တွင် ရွာငံမြို့နယ်၊ ပဲရင်းတောင်ကျေးရွာနှင့် လွှစင်ကျေးရွာအကြား တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲအဖြေလွှာများအား သွားရောက်ပို့ဆောင်သည့် လုံခြုံရေးအဖွဲ့ဝင်များအား အကြမ်းဖက်တိုက်ခိုက်မှု။

၁၁။ ၂၀-၆-၂၀၂၂ ရက်နေ့တွင် ရွာငံမြို့နယ်၊ အလယ်ချောင်ကျေးရွာ အထွက်ရှိ Mytel ဖုန်းတာဝါတိုင်အား ဗုံးဖောက်ခွဲမှု။

၁၂။ ၁၀-၇-၂၀၂၂ ရက်နေ့တွင် ရွာငံမြို့နယ်၊ နွားဘန်းကြီးကျေးရွာနေ ဖိုးရှူး အား လုပ်ကြံမှု။

တို့ကို လုပ်ဆောင်ခဲ့။

-

ဖမ်းဆီးရမိတရားခံ YUG အဖွဲ့ဝင် မင်းခန့်ဇော် ၏ ထွက်ဆိုချက်အရ တပ်မတော် မှ ရွာငံမြို့နယ်၊ နွားဘန်းကြီးကျေးရွာ၏ အနောက်ဘက်ရှိ YUG စခန်းသို့ သွားရောက်ရှင်းလင်းခဲ့ရာ လူနေမိုးကာတဲ ၅ လုံး၊ လက်လုပ်လက်ပစ်ဗုံး ၇ လုံး၊ (၉)လုံးကျည် ၁၁ တောင့်၊ လက်လုပ်သေနတ် ၂ လက်၊ တူမီးသေနတ် ၂ လက်တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရပါသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)