ရေစကြိုမြို့နယ်တွင် PDF အကြမ်းဖက်သမားများက အပြစ်မဲ့ ပြည်သူနှစ်ဦးကို လည်လှီးသတ်ဖြတ်ပြီး ကား ၁စီးနှင့် ကြက်သွန်အိတ်များ ဓားပြတိုက် ယူဆောင်သွားကြောင်း သိရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေစကြိုမြို့နယ်တွင် PDF အကြမ်းဖက်သမားများက အပြစ်မဲ့ ပြည်သူနှစ်ဦးကို လည်လှီးသတ်ဖြတ်ပြီး ကား ၁စီးနှင့် ကြက်သွန်အိတ်များ ဓားပြတိုက် ယူဆောင်သွားကြောင်း သိရ


MNP ၊ ဒီဇင်ဘာလ ၁၆ 

ရေစကြိုမြို့နယ်၊ ဂွက်ကြီးကျေးရွာမှ ပခုက္ကူမြို့သို့ ယမန်နေ့က မော်တော်ယာဉ်ဖြင့် ကြက်သွန်အိတ်များတင်ဆောင်၍ ရောင်းချရန်လာသော သားအဖ ၂ ဦးကို PDF အကြမ်းဖက်သမားများက ဖမ်းဆီး၍ လည်လှီးသတ်ဖြတ်ပြီး ကားနှင့် ကြက်သွန်အိတ်များကို ဓားပြတိုက် ယူဆောင်သွားကြောင်း သိရသည်။

ဂွက်ကြီးကျေးရွာမှ ဦးဇော်လွင်နှင့် ၎င်း၏သားဖြစ်သူ မင်းခန့်ဇော်တိုအား ရေစကြိုမြိုနယ် ကျောက်လှေခါးကျေးရွာအရောက်တွင် PDF အကြမ်းဖက်သမားများက  ရက်ရက်စက်စက် လည်လှီးသတ်ဖြတ်ပြီး ကားနှင့် ကြက်သွန်အိတ်များကို ယူဆောင်သွားခြင်းဖြစ်သည်။

NUG အကြမ်းဖက်အဖွဲ့၏ သြဇာခံ PDF အကြမ်းဖက်သမားများသည် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကို ရက်စက်ယုတ်မာ ရိုင်းစိုင်းစွာ လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်ခဲ့ရာ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း ၄၀၀၀ ကျော် အထိ သေဆုံးခဲ့ရပြီး ဖြစ်သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)