စစ်ကိုင်းတိုင်းဒသကြီး၊ ဝက်လက်၊ ထီးချိုင့် နှင့် ကနီမြို့နယ်တို့တွင် PDF ပဒက်များနှင့် ထိတွေ့တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒသကြီး၊ ဝက်လက်၊ ထီးချိုင့် နှင့် ကနီမြို့နယ်တို့တွင် PDF ပဒက်များနှင့် ထိတွေ့တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိ



MNP ၊ ဒီဇင်ဘာလ ၂၁

ဝက်လက်မြို့နယ် ရှိမ္မကားကျေးရွာတွင်ရှိသော လုံခြုံရေးအဖွဲဝင်များအား PDF ပဒက်များက ယမန်နေ့ ၃ နာရီခွဲ ဝန်းကျင်ခန့်က လက်လုပ်စိန်ပြောင်းများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ရာ လုံခြုံရေးအဖွဲဝင်များမှ ပြန်လည်ပစ်ခတ် ရှင်းလင်းခဲ့ရပြီး PDF အကြမ်းဖက်သမားများ အထိနာ၍ ထွက်ပြေးသွားခဲ့ကြောင်းနှင့် လုံခြုံရေးအဖွဲဝင်များမှ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရှိရပါသည်။


အလားတူ ယမန်နေ့ ညနေ ၄ နာရီခန့်တွင် ထီးချိုင့်မြို့နယ် သခွတ်ချောင်ကျေးရွာအနီးတွင် နယ်မြေရှင်းလင်းဆောင်ရွက်လျက်ရှိသော လုံခြုံရေးအဖွဲဝင်များနှင့် PDF ပဒက်တို ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF အကြမ်းဖက်သမားများ ဆုတ်ခွါထွက်ပြေးသွားခဲ့သည်။ PDF အကြမ်းဖက်သမားများထဲ မှ ၂ဦး အသေဖမ်းဆီးရမိပြီး  အမ် ၂၂ သေနတ် ၁ လက်၊ အမ် ၂၂ ကျည်အိမ် ၁ ခု၊ ကျည်ဆံများ၊ အိုင်ကွန် ၁ လုံးတိုအား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါသည်။


အလားတူ ယန်နေ့ နံနက်ပိုင်းက ကနီမြို့နယ် အိုင်တောင်သစ်ကျေးရွာအနီးတွင် နယ်မြေရှင်းလင်းဆောင်ရွက်လျက်ရှိသော လုံခြုံရေးအဖွဲဝင်များနှင့် PDF အကြမ်းဖက်သမားများ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး လုံခြုံရေးအဖွဲဝင်များမှ ပြန်လည်ပစ်ခတ် ရှင်းလင်းခဲ့ရာ PDF အကြမ်းဖက်သမားများ ၂ဦး အသေဖမ်းဆီးရမိပြီး လက်လုပ်သေနတ် ၃ လက်၊ ဆိုင်ကယ်မျိုးစုံ ၆ စီးတိုအား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါသည်။


ပြည်ပြေး ဝရမ်းပြေး တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် နိုင်ငံရေးလုပ်စားသူများနှင့် ပြည်ဖျက်မီဒီယာများ၏ လှုံ့ဆော်မှုများကြောင့် တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် လုပ်ဆောင်နေကြသော PDF အကြမ်းဖက်သမားများမှ လွန်စွာ ဆိုးသွမ်းယုတ်မာသော လုပ်ရပ်များ လုပ်ဆောင်လာခြင်းကြောင့် ဒေသခံပြည်သူများက ရွံရှာမုန်းတီးလာကြပြီး တာဝန်ရှိသူများအနေဖြင့် အကြမ်းဖက်သမားများကို အမြစ်ပြတ်ခြေမှုန်းပေးရန် တောင်းဆိုမှုများ ပြုလုပ်လာကြသည်။


https://t.me/MyanmarNationalPost


မြန်မာနေရှင်နယ်ပို့စ် သို့ သတင်း၊ ဆောင်းပါး၊ ပေးစာများ  ပေးပို့လိုပါက Viber - Telegram - 09692366274 သို့ ပေးပို့နိုင်ပါသည်။ ဖုန်းခေါ်ဆိုခြင်း မပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)