ကန့်ဘလူမြို့နယ်၊ ဇီးပင်သာကျေးရွာတွင် PDF အကြမ်းဖက်သမားများက ကလေးငယ် ၁ ဦးအား သတ်ဖြတ်ပြီး နေအိမ်များအား မီးရှို့ဖျက်ဆီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန့်ဘလူမြို့နယ်၊ ဇီးပင်သာကျေးရွာတွင် PDF အကြမ်းဖက်သမားများက ကလေးငယ် ၁ ဦးအား သတ်ဖြတ်ပြီး နေအိမ်များအား မီးရှို့ဖျက်ဆီး


MNP ၊ ဒီဇင်ဘာလ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းကျေးရွာအုပ်စု ဇီးပင်သာကျေးရွာသို့ ယမန်နေ့ နေ့လည် ၂နာရီဝန်းကျင်က PDF အကြမ်းဖက်သမားများ လက်လုပ်သေနတ်ကိုယ်စီကိုင်ဆောင်၍ ရောက်ရှိလာပြီး ပုဂ္ဂိုလ်ရေးရာအရ မကျေနပ်သော အပြစ်မဲ့ပြည်သူ ၂ ဦး၏ နေအိမ်အား မီးရှိခဲ့ရာ ၎င်းနေအိမ်ရှိ မိသားစုများမှာ ကြောက်လန့်၍ ထွက်ပြေးသွားခဲ့ပြီး ထိုမိသားစုဝင်များထဲမှ ကလေးငယ် ၁ ဦးဖြစ်သော မောင်သုတဇော်(၁၃)နှစ်မှာ အိမ်သာထဲတွင် ကြောက်ကြောက်လန့် လန့်ဖြင့် ပုန်းအောင်းနေစဉ် PDF အကြမ်းဖက်သမားများက မေးမြန်းခြင်းမရှိဘဲ လူမဆန်စွာဖြင့် ရက်ရက်စက်စက် ပစ်သဖတ်သွားခဲ့ကြောင်း သိရသည်။

PDF အကြမ်းဖက်သမားများ၏ ပစ်ခတ်မှုကြောင့် မောင်သုတဇော်မှာ ရင်အုံကျည်ထိမှန် ဒဏ်ရာ၂ ချက်ဖြင့် နေရာတွင်ပင် ဆုံးပါးသွားခဲ့ပြီး မိသားစုဝင်များမှ ကျေးရွာ သုဿာန်၌ မီးသင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။

အေးချမ်းစွာနေထိုင်နေသော မိသားစုဝင်များ၏ နေအိမ်များကို အကြောင်းမဲ့မီးရှိခဲ့သည့်အပြင် ကလေးငယ် ၁ ဦးကိုပါ လူမဆန်စွာ ရက်ရက်စက်စက် သတ်ဖြတ်သွားခဲ့သော PDF အကြမ်းဖက်သမားများ၏ လူမဆန်သည့် လုပ်ရပ်များပေါ် ဒေသခံ ပြည်သူများအနေဖြင့် ရွံမုန်းလာကြသည်။


https://t.me/MyanmarNationalPost


မြန်မာနေရှင်နယ်ပို့စ် သို့ သတင်း၊ ဆောင်းပါး၊ ပေးစာများ  ပေးပို့လိုပါက Viber - Telegram - 09692366274 သို့ ပေးပို့နိုင်ပါသည်။ ဖုန်းခေါ်ဆိုခြင်း မပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)