ရွာသားများကို ရက်စက်စွာသတ်ဖြတ်၊ ရွာကို မီးရှို့ဖျက်ဆီးသည့် PDF အကြမ်းဖက်သမားများအား ထိရောက်စွာ နှိမ်နင်းဆောင်ရွက်ပေးနိုင်ပါရန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွာသားများကို ရက်စက်စွာသတ်ဖြတ်၊ ရွာကို မီးရှို့ဖျက်ဆီးသည့် PDF အကြမ်းဖက်သမားများအား ထိရောက်စွာ နှိမ်နင်းဆောင်ရွက်ပေးနိုင်ပါရန်



မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ နဂါးပွက်ရွာကို PDF အကြမ်းဖက်သမားများက ၁၄-၁၁-၂၀၂၂ ရက်နေ့ ည ၁၂ နာရီအချိန်က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ပြီး အိမ်ခြေ ၂၆လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြပါသည်။ ရွာမှ ဦးမန်းစိန် ဆိုသူကို ယောက်ျားတွေ မမြင်ချင်ဘူးဟု ရိုင်းစိုင်းစွာ ဆဲဆိုပြီး လိင်အင်္ဂါကို ဖြတ်ကာ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့ကြပါသည်။ 

ယခင်ကလည်း ဦးကြည်ဌေး (၅၄)နှစ်၊ ဦးအေးဝင်း (၄၄)နှစ်၊ မောင်ရဲလင်းဌေး (၂၀)နှစ်၊ မဖြူဖြူလင်း (၃၂)နှစ်တို့ကိုလည်း ဖမ်းဆီးသွားခဲ့ပြီး သတ်ဖြတ်လိုက်ကြပြီလို့ သတင်းများ ကြားသိရပါတယ်။ အခုအချိန်မှာတော့ နဂါးပွက်ရွာမှာ ရွာသူရွာသားတွေ မနေရဲကြတော့ပါဘူး။ တောင်သူတွေ စိုက်ပျိုးထားတဲ့ စပါးတွေ၊ ပဲစင်းငုံတွေ၊ နှမ်းတွေ၊ မြေပဲတွေကို PDF အကြမ်းဖက်သမားတွေက ၎င်းတို့ရိက္ခာအတွက်ဟုဆိုကာ ရိတ်သိမ်းယူနေကြပါတယ်။

ရွာသူရွာသားတွေကတော့ အဝေးကနေ မျက်ရည်ကျနေရုံကလွဲပြီး ဘာမှမတတ်နိုင်ပါဘူး။ တပ်မတော်ကို အမြဲတမ်း ထောက်ခံအားကိုးခဲ့ပေမယ့် အခုလို ရွာမှာ PDF အကြမ်းဖက်သမားတွေက သောင်းကြမ်းပြီး လုပ်ချင်ရာ လုပ်ခွင့်ရနေတော့ ရွာလေးလည်း ပျာပုံဖြစ်သွားပါပြီ။ PDF တွေရဲ့ ရန်ပြုစော်ကားမှုတွေကို အံတုခုခံနိုင်ခြင်းလည်း မရှိတော့ပါ။ ရွာပတ်ပတ်လည်မှာ PDF အကြမ်းဖက်သမားတွေက မိုင်းအလုံးပေါင်းများစွာ ထောင်ထားကြပါသည်။

နဂါးရွာကို မီးရှို့သောဖြစ်စဉ်နှင့် ရွာသူရွာသားများကို ဖမ်းဆီးသတ်ဖြတ်သော လုပ်ရပ်များကို ကြိုးကိုင်ခဲ့သူများမှာ ပေခုနှစ်ပင်ရွာမှ မြတ်သူ နှင့် ဘိုဆန်း၊ ထန်းမကောက်ရွာမှ မောင်လှနှင့် စိုင်းမင်းနိုင်၊ ညောင်ဝန်းရွာမှ ဇင်ကိုနှင့် အခြားသော အပေါင်းအပါ PDF ကို ဦးဆောင်နေသူများ ဖြစ်ကြပါသည်။

နိုင်ငံတော်အကြီးအကဲများအနေဖြင့် အပြစ်မဲ့ ပြည်သူများအပေါ် အလွန်ရက်စက်ယုတ်မာရိုင်းစိုင်းလွန်းသော PDF အကြမ်းဖက်သမားများကို ထိရောက်စွာ နှိမ်နင်းဆောင်ရွက်ပေးပါရန် အနူးအညွတ် တောင်းဆိုအပ်ပါသည်။


အကြမ်းဖက်ဘေးအန္တရာယ်သင့် ပြည်သူတစ်ဦး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)