ရွှေဘိုမြို့နယ်၊ တည်ပင်ကျေးရွာအနီးတွင် PDF အကြမ်းဖက်သမားများနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေဘိုမြို့နယ်၊ တည်ပင်ကျေးရွာအနီးတွင် PDF အကြမ်းဖက်သမားများနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ




MNP ၊ ဒီဇင်ဘာလ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ တည်ပင်ကျေးရွာအနီးတွင် ၂၆-၁၂-၂၀၂၂ ရက်နေ့ ညနေပိုင်းက PDF အကြမ်းဖက်သမားများ ခိုအောင်းနေကြောင်း အမာခံများ၏ သတင်းပေးချက်အရ နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသော လုံခြုံရေးပူးပေါင်းအဖွဲများက သွားရောက်ရှင်းလင်းခဲ့ရာ လက်လုပ်သေနတ်များ ကိုင်ဆောင်ထားသော PDF အကြမ်းဖက်သမားများနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

အဆိုပါ ထိတွေ့မှုဖြစ်စဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်ရှင်းလင်းရာ PDF အကြမ်းဖက်သမားများ ဆုတ်ခွါထွက်ပြေးသွားကြပြီး ဖြစ်စဉ်အတွင်း PDF အကြမ်းဖက်သမား ၅ဦး၊ လက်လုပ်သေနတ် ၄ လက်၊ လက်လုပ်မိုင်း ၆ လုံး၊ ၁၂ဗိုကျည် ၁၀ တောင့်၊ ဆိုင်ကယ် ဘတ္ထရီအိုး ၁ လုံး၊ ဝါယာကြိုး ၁ ခွေ တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)