ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့နယ်ခွဲရှိ စစ်ဆေးရေးဂိတ်တွင် PDF ပဒက်များနှင့် ပတ်သက်ဆက်နွယ်နေသူများ ထပ်မံဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့နယ်ခွဲရှိ စစ်ဆေးရေးဂိတ်တွင် PDF ပဒက်များနှင့် ပတ်သက်ဆက်နွယ်နေသူများ ထပ်မံဖမ်းဆီးရမိ





MNP ၊ ဒီဇင်ဘာလ ၃၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့နယ်ခွဲ၊ အမှတ်(၂) ရပ်ကွက်အနီးရှိ စစ်ဆေးရေးဂိတ်တွင် လုံခြုံရေးအဖွဲဝင်များသည် လူ/ယာဉ်ဝင်ထွက်များ စစ်ဆေးနေစဉ်  ၂၉-၁၂-၂၀၂၂ ရက်နေ့ ညနေပိုင်းက ခရီးသည် ယာဉ်ပေါ်မှ ပါလာသော မသင်္ကာ ၃ ဦးအား စစ်ဆေးခဲ့ရာ တိုးမြင့်အောင်၊ ဟိန်းသက်ပိုင်(ခ) ဖိုးငို၊ မင်းအောင်တိုမှာ PDF ပဒက်များနှင့် ပတ်သက်ဆက်နွယ်နေသူများ ဖြစ်ကြောင်း အထောက်အထားများနှင့်တကွ စိစစ်တွေ့ရှိခဲ့ရပြီး ဖမ်းဆီးခဲ့ကြောင်း သိရှိရပါသည်။

အလားတူ ၂၈-၁၂-၂၀၂၂ ရက်နေ့ကလည်း အဆိုပါစစ်ဆေးရေးဂိတ်တွင် PDF အကြမ်းဖက်သမားများထံ ဆက်သွယ်သတင်းပေးပို့သူ ၅ ဦး ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)