ဒီပဲယင်းမြိုနယ် ကြည်ကျေးရွာအနီးတွင် PDF အကြမ်းဖက်သမားများအသုံးပြုသည့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒီပဲယင်းမြိုနယ် ကြည်ကျေးရွာအနီးတွင် PDF အကြမ်းဖက်သမားများအသုံးပြုသည့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ


MNP ၊ ဒီဇင်ဘာလ ၃၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြိုနယ် ကြည်ကျေးရွာအနီးတွင် လုံခြုံရေးအဖွဲများက နယ်မြေရှင်းလင်းဆောင်ရွက်လျက်ရှိရာ  ယမန်နေ့ နံနက် ၆ နာရီခန့်တွင် တောင်ယာတဲ ၁ လုံးအား ဝင်ရောက်ရှင်းလင်းမှုများ ပြုလုပ်ခဲ့ရာ PDFအကြမ်းဖက်သမားများက အပြစ်မဲ့ပြည်သူများ ဒေသအတွင်း တည်ငြိမ်အေးချမ်းစွာဖြင့် လုပ်ကိုင်ဆောင်ရွက်နေသည်များကို နှောက်ယှက်ဖျက်ဆီးရန် စီစဉ်ထားသည့် လက်လုပ်မိုင်း ၄၃ လုံး ၊ လျှပ်စစ်စနတ်တံ (၁၀၀) ချောင်းပါ ၁၀ ဖာ၊ မီးရှိစနတ်တံ (၁၀၀)ချောင်းပါ ၁၀ ဖာ၊ ကား ၂ စီးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဆက်လက်၍ လုံခြုံရေးအဖွဲများက ၎င်းကျေးရွာအဝင်တွင်  ရှင်းလင်းမှုများထပ်မံပြုလုပ်ခဲ့ရာ လက်လုပ်သေနတ် ၃ လက်၊ လက်လုပ်ရှော့တိုက်ပြောင်း ၁ ခု ၊ လက်လုပ်မိုင်း ၂၀ လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)