မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ ရွှေဆိုင် ၁ ဆိုင်အား PDF အကြမ်းဖက်သမားများက ဆိုင်အတွင်း ဝင်ရောက်ပစ်ခတ်၍ ဓားပြတိုက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ ရွှေဆိုင် ၁ ဆိုင်အား PDF အကြမ်းဖက်သမားများက ဆိုင်အတွင်း ဝင်ရောက်ပစ်ခတ်၍ ဓားပြတိုက်




MNP ၊ ဒီဇင်ဘာလ ၂၀

ယနေ့ နေ့လယ် ၂ နာခွဲခန့်တွင် မုံရွာမြို၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ ရွှေမုံရွာ ရတနာရွှေဆိုင်ရှေ့တွင် PDF အကြမ်းဖက်သမားများက လက်လုပ်သေနတ်များအား ခိုးကြောင်ခိုးဝှက်ယူဆောင်လာ၍ ၎င်းရွှေဆိုင်အတွင်းသို့ဝင်ရောက်ပြီး လက်လုပ်သေနတ်များဖြင့် ယမ်းသမ်းပစ်ခတ်ကာ ၁ မတ်သားခန့်ရှိ လက်စွပ် ၁ ကွင်းနှင့် ဆိုင်ရှေ့တွင်ရပ်ထားသော ကား ၁ စီးအား အတင်းအဓမ္မ ဓားပြတိုက်ယူဆောင်သွားကြောင်း သိရသည်။

တာဝန်သိ ပြည်သူများ၏ ပြောကြားချက်အရ PDF အကြမ်းဖက်သမားများသည် ဓားပြတိုက် ယူဆောင်လာသော ကားကို ဗိုလ်တေဇလမ်းမှ ရွာထောင်လမ်းအတိုင်း ပလ္လင်ကုန်းကျေးရွာဘက်သို့ မောင်းနှင်ထွက်ပြေးသွားကြောင်း သိရှိရသည်။ 

PDF အကြမ်းဖက်သမားများ၏ ယမ်းသမ်းပခတ်လိုက်သောကျည်ကြောင့် အပြစ်မဲ့ပြည်သူ ၁ ဦးမှာ ကျည်ထိမှန်ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

(PDF အကြမ်းဖက်သမားများ၏ လှုပ်ရှားမှု၊ ရက်စက်ယုတ်မာရိုင်းစိုင်းမှုများ နှင့် ဆက်စပ်သော သတင်းများ မြန်မာနေရှင်နယ်ပို့စ် သို့ ပေးပို့လိုပါက Viber - Telegram - 09692366274 သို့ ပေးပို့နိုင်ပါသည်။ ဖုန်းခေါ်ဆိုခြင်း မပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)