အင်းတော်မြိုနယ်၊ အိုက်မကျေးရွာအနီးတွင် PDF ပဒက်များနှင့် ထိတွေ့မှုဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အင်းတော်မြိုနယ်၊ အိုက်မကျေးရွာအနီးတွင် PDF ပဒက်များနှင့် ထိတွေ့မှုဖြစ်ပွား


MNP ၊ ဒီဇင်ဘာလ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြိုနယ် အိုက်မကျေးရွာအနီးတွင်  ဒီဇင်ဘာလ ၁၈ ရက်နေ့ နံနက်၁၀ နာရီခန့်က လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF အကြမ်းဖက်သမားများ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

PDFအကြမ်းဖက်သမားများက လက်လုပ်သေနတ်များကိုယ်စီ ကိုင်ဆောင်ကာ ခြိမ်းခြောက်၍ ငွေကြေးများကောက်ခံနေကြောင်း တာဝန်သိ ပြည်သူများ၏ သတင်းပေးချက်အရ လုံခြုံရေးအဖွဲဝင်များမှ သွားရောက်ရှင်းလင်းခဲ့ရာ PDF အကြမ်းဖက်သမားများ အထိနာကာ ဒဏ်ရာဗလပွဖြင့် ခွေးပြေးဝက်ပြေးထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

လုံခြုံရေးအဖွဲဝင်များမှ လိုက်လံရှင်းစဉ် PDF အကြမ်းဖက်သမားများက လူနေအိမ်များကြားထဲမှ ရွာသူရွာသားများအား လူသားဒိုင်းသဖွယ် ပြုလုပ်၍ မိုင်းခွဲပြီး ပြန်လည်ပစ်ခတ် ထွက်ပြေးသွားခဲ့ကြောင်း သိရှိရပါသည်။

အေးချမ်းစွာနေထိုင်လိုသော ပြည်သူများအား လက်နက်ပြ၍ ငွေကြေးကောက်ခံနေသော PDF အကြမ်းဖက်သမားများအပေါ် အများပြည်သူများက ရွံရှာမုန်းတီးနေပြီဖြစ်ကြောင်း သိရှိရပါသည်။


https://t.me/MyanmarNationalPost

(PDF အကြမ်းဖက်သမားများ၏ လှုပ်ရှားမှု၊ ရက်စက်ယုတ်မာရိုင်းစိုင်းမှုများ နှင့် ဆက်စပ်သော သတင်းများ မြန်မာနေရှင်နယ်ပို့စ် သို့ ပေးပို့လိုပါက Viber - 09668195528, Telegram - 09692366274 သို့ ပေးပို့နိုင်ပါသည်။ ဖုန်းခေါ်ဆိုခြင်း မပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)