မြိုင်မြို့နယ်၊ အိုရင်းရွာမှ အပြစ်မဲ့ ပြည်သူတစ်ဦးကို PDF အကြမ်းဖက်သမားများက ဖမ်းဆီးသွားပြီး ငွေသိန်း ၁၅၀ ဖြင့် ရွေးယူရန် ခေါ်သဖြင့် မိသားစုက ငွေဖြင့် သွားရွေးရာ ငွေယူပြီး လူကိုပါ သတ်ဖြတ်လိုက်ကြောင်း သိရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြိုင်မြို့နယ်၊ အိုရင်းရွာမှ အပြစ်မဲ့ ပြည်သူတစ်ဦးကို PDF အကြမ်းဖက်သမားများက ဖမ်းဆီးသွားပြီး ငွေသိန်း ၁၅၀ ဖြင့် ရွေးယူရန် ခေါ်သဖြင့် မိသားစုက ငွေဖြင့် သွားရွေးရာ ငွေယူပြီး လူကိုပါ သတ်ဖြတ်လိုက်ကြောင်း သိရ



MNP ၊ ဒီဇင်ဘာ ၁၆

မြိုင်မြို့နယ်၊ အိုရင်းရွာမှ ကိုငယ်သာ (ဘ)ဦးမြလွမ်း အား ၁၄-၁၂-၂၀၂၂ ရက်နေ့က ထန်းတက်နေစဉ် PDF အကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်သွားပြီး မိသားစုထံ ဖုန်းဆက်၍ ငွေ သိန်း၁၅၀ ဖြင့် ရွေးယူရမည် ပြောသဖြင့် ၁၅-၁၂-၂၀၂၂ ရက်နေ့တွင် ငွေပေးပြီး သွားပြန်ခေါ်ရာ ငွေယူပြီး လူကိုပါ သတ်ပစ်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။


ဖြစ်စဉ်နှင့် ပတ်သက်၍ "ကိုငယ်သာ က ရွာအပြင် ထန်းတောမှာ ထန်းတက်နေတဲ့အချိန် PDF (၇)ယောက် က စစ်မေးစရာရှိတယ် ခဏလိုက်ခဲ့ပါဆိုပြီး ခေါ်သွားတယ်။ ၁၄ ရက်နေ့ ညနေမှာပဲ အကြမ်းဖက်သမားတွေက မိသားစုကို ငွေ သိန်း ၁၅၀ နဲ့ လာရွေးဖို့ ဖုန်းဆက်တယ်။ သူ့အမျိုးသမီးရော မိသားစုဝင်တွေရော ငွေပေးပြီး သွားရွေးတယ်။ သူတို့ကို ပိုက်ဆံပေးတော့ ကိုငယ်သာ ကို မိသားစုတွေလက်ထဲ ပြန်ထည့်ပေးတယ်။ ဆိုင်ကယ်ပေါ်တက်ပြီး သွားကြမယ်လုပ်နေမှ ခဏနေအုံးဆိုပြီး ပြန်ခေါ်တယ်တဲ့။ ခေါ်ပြီး ပစ်သတ်လိုက်တာပဲ။ ပထမတစ်ချက် ပစ်တာ မသေသေးဘူး။ နောက်ထပ်ပစ်တယ်။ အဲဒီ နားမှာတင် ပွဲချင်းပြီး လုပ်ပစ်လိုက်ကြတယ်။ သူ့မိန်းမ မှာ ရင်ကွဲပက်လက်ပေါ့ကွာ။ ငွေလည်း ယူတယ်။ လူကိုလည်း သတ်ပစ်လိုက်တယ်။" ဟု ဒေသခံတစ်ဦးက ပြောသည်။


မြိုင်မြို့နယ်အတွင်း PDF အကြမ်းဖက်သမားများ ဆိုးသွမ်းနေမှုနှင့် ပတ်သက်၍ ဒေသခံတစ်ဦးက "အကြမ်းဖက်နှိမ်နင်းရေးနဲ့ ပတ်သက်လို့ လိုအပ်ချက်တွေ ရှိနေတာပေါ့ဗျာ။ ပြည်သူ့စစ်ကိုလည်း စနစ်တကျ အကောင်အထည် ဖော်ပေးတာ မရှိဘူး။ ရွာတစ်ရွာကို PDF က ဝင်တိုက်နေလို့ အနီးဆုံးမှာ ရှိတဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အချိန်နဲ့ တပြေးညီ သွားရောက်နှိနင်းတာလည်း မရှိဘူး။ စစ်ကြောင်းထိုးတယ်လို့သာ ပြောတာ။ စစ်ကြောင်း ထိုးတဲ့အချိန် ဟိုကောင်တွေက ရှောင်နေတာ။ ဘယ်သူ့မှ ဖမ်းဆီးရမိတာလည်း မရှိဘူး။ စစ်ကြောင်းက ခဏပဲ လာတာလေ။ ပြီးတာနဲ့ ဟိုကောင်တွေက ပြန်သောင်းကျန်း တာပဲ။ ဒါက ဖြေရှင်းနည်းမဟုတ်ဘူးလို့ ထင်တယ်။ တကယ်တည်ငြိမ်အေးချမ်းစေချင်တာ၊ အကြမ်းဖက်နှိမ်နင်းရေးကို တကယ်လုပ်မှာဆိုရင် အထိုင်တပ်ချပေးရမယ်။ PDF ဝင်တိုက်တယ် ကြားတာနဲ့ အချိန်နဲ့တပြေးညီ လိုက်နှိမ်နင်းမှ ရမယ်။ မဟုတ်လို့ကတော့ ဒေသခံတွေ အခုလိုပဲ မကြာခဏ ဝင်သတ်တာ ခံနေကြရအုံးမှာပဲ။" ဟု မြိုင်မြို့နယ် အတွင်း ဖြစ်ပေါ်နေသည့် အခြေအနေကို သုံးသပ်တင်ပြထားသည်။


ကိုငယ်သာ အား PDF အကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်သွားပြီး ငွေလည်းယူ၊ လူကိုလည်း သတ်လိုက်သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ မိသားစုဝင်များအနေဖြင့် ယူကြုံးမရခံစားနေရသော်လည်း ဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာ နယ်မြေက သတင်းထုတ်ပြန်ခဲ့ခြင်း မရှိပေ။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)