ပြင်ဦးလွင် - ဂုပ်ထိပ် - ပြင်ဦးလွင် ခရီးစဉ် RBE ရထားများ ပြေးဆွဲပေးမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြင်ဦးလွင် - ဂုပ်ထိပ် - ပြင်ဦးလွင် ခရီးစဉ် RBE ရထားများ ပြေးဆွဲပေးမည်



MNP ၊ ဒီဇင်ဘာ ၂၁

ပြည်သူများ ခရီးသွားလာမှု လွယ်ကူအဆင်ပြေစေရေးနှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေးအတွက် ရထားလမ်းပိုင်းအသီးသီးတွင် လူစီးရထားများ ပြေးဆွဲပေးလျက်ရှိရာ ပြင်ဦးလွင် - ဂုပ်ထိပ် - ပြင်ဦးလွင် (အသွား/အပြန်) ခရီးစဉ်အား ဒီဇင်ဘာ ၂၂ ရက်နေ့မှ စတင်၍ နေ့စဉ်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားအနေဖြင့် မန္တလေး - လားရှိုးလမ်းပိုင်းရှိ ပြင်ဦးလွင် - ဂုပ်ထိပ် အပိုင်းတွင် ပြည်တွင်းမှ ခရီးသွားလာမည့် ခရီးသွားပြည်သူများ၊ နိုင်ငံခြားသား ခရီးသွားလာသူများအား သမိုင်းဝင် ဂုပ်ထိပ်တံတားကြီးအား လေ့လာကြည့်ရှုနိုင်ရန်၊ လမ်းခရီးရှိ ရေမြေတောတောင် သဘာဝရှုခင်းများ လေ့လာကြည့်ရှုနိုင်ရန်၊ ရှမ်းပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် ချစ်ကြည်ရင်းနှီးမှု ရရှိစေရန်နှင့် ဒေသန္တရဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ ပြင်ဦးလွင် - ဂုပ်ထိပ် (အသွား/အပြန်) ခရီးစဉ်အား ဒီဇင်ဘာ ၂၂ မှ စတင်၍ နေ့စဉ်ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ပြေးဆွဲရာတွင် RBE ရထားဖြင့် ပြင်ဦးလွင်ဘူတာမှ နံနက် ၈နာရီခွဲတွင် ထွက်ခွါ၍ ဂုပ်ထိပ်ဘူတာသို့ မွန်းလွဲ ၁နာရီတွင် ရောက်ရှိပြီး ဂုပ်ထိပ်ဘူတာမှ မွန်းလွဲ ၂နာရီတွင် ပြန်လည်ထွက်ခွာရာ ပြင်ဦးလွင် ဘူတာသို့ ညနေ ၅ နာရီတွင် ပြန်လည်ရောက်ရှိမည်ဖြစ်သည်။

အဆိုပါ RBE ရထားသည် ခရီးသည် ၄၀ ဦး လိုက်ပါနိုင်ပြီး ပွဲကောက်၊ ဝက်ဝံ၊ ဆမ်ဆယ်၊ နောင်ချို ဘူတာတို့တွင် ရပ်တန်ပေးမည်ဖြစ်ပြီး လက်မှတ်ခ နှုန်းထားအနေဖြင့် တစ်ဦးလျှင် ခရီးစဉ် အစ/အဆုံး ငွေကျပ် ၃၅၀၀ နှုန်းဖြင့် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)