RFA ခင်မောင်စိုး က နောက်တစ်ကွက် ရွှေ့လိုက်ပြန်ပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

RFA ခင်မောင်စိုး က နောက်တစ်ကွက် ရွှေ့လိုက်ပြန်ပြီ


ပြည်ဖျက်မီဒီယာတွေဟာ စနစ်ကျ လုပ်ကြံဖန်တီးရေးသားတဲ့ အတတ်ပညာကို ကျွမ်းကျင်ပိုင်နိုင်သူတွေ ဖြစ်ပါတယ်။ RFA သတင်းဌာန က ဘန်ကောက်မှာ အခြေစိုက်နေထိုင်တဲ့ ခင်မောင်စိုး  က ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှာစကား (၂)ခွန်း ဆိုပြီး တင်ပေးလိုက်တဲ့ ကိစ္စမှာတော့ နီပိန်းရပ်ကွက်အတွင်း ဂယက်ထသွားခဲ့ပါတယ်။ ဒေါ်စုသားနဲ့ ဆက်စပ်ပြီး ရန်ပုံငွေရှာနေတဲ့ အပျံမ နဲ့ စင်္ကာပူကြက်မကြီးတို့ကို ပွဲဆူစေခဲ့ပြီး စင်္ကာပူကြက်မကြီးအဖြစ် တင်စားခံရတဲ့ မအိုင်းရင်း က NLD လွှတ်တော်အမတ်ဟောင်းများနဲ့ သူတို့ရဲ့ ဇနီးများ လက်နက်ပွဲစား (အမြတ်ကြီးစား) လုပ်နေတာတွေကို ဖွင့်ချတော့မယ်ဆိုသည်အထိ လှုပ်ခတ်သွားစေခဲ့ပါတယ်။ 


ဒေါ်စုရဲ့ စကားနှစ်ခွန်းကို RFA က ခင်မောင်စိုး အနေနဲ့ လုပ်ကြံဖန်တီး ရေးသားဖော်ပြလိုက်ခြင်းက ပြည်သူအများလက်ခံမှ မဟုတ်တဲ့ အင်္ဂလိပ်လူမျိုး မိုက်ကယ်အဲရစ် နဲ့ ဒေါ်စုတို့ရဲ့ သား မြန်မာ့နိုင်ငံရေးထဲ ပါဝင်လာရင် ပိုပြီး သိက္ခာကျစရာတွေ ဖြစ်မယ်။ အင်္ဂလိပ်သွေးကိုတော့ မြန်မာနိုင်ငံသားအများစုက လက်ခံမှာ မဟုတ်ဘူး။ နီပိန်းတွေကတော့ ဘယ်သူကို မဆို အသုံးချပြီး ကိုယ်ကျိုးရှာဖို့ ဝန်မလေးတဲ့သူတွေ ဖြစ်လို့ မောင်ထိန်လင်းကို မြန်မာနိုင်ငံရေးမှာ ပါဝင်ပတ်သက်တာမျိုး မလုပ်ဖို့ ဒေါ်စုက မှာတယ်ဆိုတဲ့ တစ်ခွန်း၊ နောက်ထပ်တစ်ခွန်းကတော့ ဆူပူအကြမ်းဖက်လှုပ်ရှားမှုမှာ မပါဝင်ခဲ့ကြတဲ့ NLD ထိပ်ပိုင်းခေါင်းဆောင်တွေက နစက နဲ့ ဆက်သွယ်ပြီး ဥပဒေဘောင်အတွင်းက ရပ်တည်ဆောင်ရွက်တဲ့ အခြေအနေမျိုး ရောက်သွားမှာကို မလိုလားတဲ့အတွက် CEC မစုံညီဘဲ တစ်ဦးတစ်ယောက်တည်း ဆုံးဖြတ်ချက်ချတာမျိုးတွေ မလုပ်ဖို့ဆိုတာက တစ်ခွန်းပေါ့။


နီပိန်းအများစုက ဒေါ်စုစကားဆိုတာနဲ့ ဟုတ်လိမ့်နိုးနိုး ယုံကြည်ကြတယ်။ ဒေါ်စုစကားကို လွှမ်းမိုးနိုင်တဲ့သူဆိုတာလည်း မရှိဘူး။ ဒေါ်စုက ဒီလို ပြောထားပါလျက်နဲ့ ဒေါ်စုစကားနဲ့ မကိုက်ညီတဲ့အလုပ်ကို လုပ်တဲ့သူဆိုရင်လည်း ဝိုင်းဆဲကြဖို့ ဝန်မလေးကြတဲ့သူတွေ များတယ်။ မြန်မာ့နိုင်ငံရေးနဲ့ အံဝင်ဂွင်ကျမဖြစ်နိုင်တဲ့ မောင်ထိန်းလင်း ကို မပါလာစေဖို့၊ ဆူပူအကြမ်းဖက် လှုပ်ရှားမှု အသက်ရှည်နေစေဖို့ RFA ခင်မောင်စိုး က သူတတ်ကျွမ်းတဲ့ လုပ်ကြံဖန်တီးရေးသားနည်း အတတ်ပညာကို အစွမ်းကုန် အသုံးချပြီး နီပိန်းတွေကို ဘရိတ်အုပ်လိုက်ခြင်း ဖြစ်ပါတယ်။


RFA ခင်မောင်စိုး က နောက်တစ်ကွက် ပြလိုက်တာကတော့ "ဒီမိုကရေစီအရေး ခုခံတိုက်ပွဲဝင်နေသူတွေအတွက် ဂုဏ်ယူတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြောကြား" ဆိုတဲ့ သတင်းဆောင်းပါး ဖြစ်ပါတယ်။ အကြမ်းဖက်လှုပ်ရှားမှုကို အရှိန်မြှင့်တင်နိုင်ဖို့ ဒေါ်စု က အကြမ်းဖက်လှုပ်ရှားမှုကို ထောက်ခံအားပေးနေတဲ့ သဘောသက်ရောက်အောင် ဖန်တီးရေးသား တင်ပြလိုက်ခြင်းပဲ ဖြစ်ပါတယ်။


သူ့ရဲ့ ရေးသားတင်ပြချက်မှာ -

မြန်မာနိုင်ငံမှာ ဖမ်းဆီးထောင်ဒဏ်အပြစ်ပေးခံရပြီး မကြာာခင်က ပြန်လွတ်လာတဲ့ သြစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် ပါမောက္ခ ရှောင်တာနဲလ် (Sean Turnell)က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီအတွက် ခုခံတိုက်ပွဲဝင်နေကြတဲ့ မြန်မာပြည်သူပြည်သားတွေ အထူးသဖြင့် လူငယ်တွေအတွက် အထူးဂုဏ်ယူနေတယ်လို့ သူ့ကို ပြောကြားခဲ့ကြောင်း အမေရိကန် NEWS 10 ABC သတင်းဌာနနဲ့ ဆက်သွယ်မေးမြန်းခန်းမှာ ဒီဇင်ဘာလ ၆ ရက်နေ့က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။


မြန်မာပြည်သူတွေဟာ ဒီမိုကရေစီစနစ်ရဲ့အရသာကို ခေတ္တခဏတာမျှသာ ခံစားရရှိခဲ့ကြတာဖြစ်ပေမယ့်လည်း အဲဒီ ဒီမိုကရေစီအခွင့်အရေးတွေအတွက် စနစ်တကျပြင်ဆင်ပြီး အခုလို ခုခံတော်လှန်တိုက်ပွဲဝင်နေကြတာကို ဒေါ်အောင်ဆန်းစုကြည်က အလွန်ဂုဏ်ယူနေပါတယ်လို့ ပါမောက္ခ ရှောင်တာနဲလ်က ပြောပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က အခုအချိန်မှာ ကျွန်မတို့က နှုတ်ပိတ်ခံနေရပေမယ့် ရှင်ကတော့ ပြောနိုင်ပါတယ်။ မြန်မာပြည်မှာ အမှန်ပကတိဖြစ်ပျက်နေတာတွေကို ကျေးဇူးပြုပြီး လူတိုင်းသိအောင်ပြောပေးပါလို့လည်း သူ့ကို မေတ္တာရပ်ခံတောင်းဆိုခဲ့တယ်လို့ ရှောင်တာနဲလ် က ပြောပါတယ်။


အခုလိုပြောဆိုလိုက်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူအစဉ်တစိုက်ခံယူခဲ့တဲ့ အကြမ်းမဖက်ရေး၊ စစ်တပ်နဲ့ ရင်ကြားစေ့ရေး ဆိုတဲ့မူတွေကို စွန့်လွှတ်လိုက်ပြီလားလို့ ပြည်တွင်းပြည်ပ ဝေဖန်သံတွေ ထွက်ပေါ်လာခဲ့ပါတယ်။ 

တချို့ကလည်း ဒေါ်အောင်ဆန်းစုကြည် ဒီလိုပြောခဲ့တယ်ဆိုတာ ဟုတ်မှန်ပါ့မလားလို့ စောဒက တက်ပါတယ်။ ၈၈ မျိုးဆက်ခေါင်းဆောင် ဦးမင်းကိုနိုင်ကတော့ ဒေါ်အောင်ဆန်းစုကြည်က တော်လှန်ပြည်သူတွေနဲ့သူ အတူရှိနေကြောင်း  ရှင်းလင်းစွာအသိပေးလိုက်တာပဲလို့ ပြောပါတယ်။


 “နိုင်ငံတစ်နိုင်ငံမှာ စစ်တပ်က ပြည်သူရွေးထားတဲ့ အစိုးရကို သမ္မတကော ခေါင်းဆောင်တွေကို ဖမ်းထားပြီး မတရားထောင်ချတယ်။ အမှုဆင်တယ် အာဏာကို လုတယ်ပေါ့ဗျာ။ နိုင်ငံတော်ပုန်ကန်မှုကို စစ်တပ်ကျူးလွန်နေတာ အဲ့ဒါက ဘာနဲ့တူလဲဆိုတော့ ဒရဝမ်က ကိုယ့်အိမ်ရှင်ကို ပြန်ပြီးတော့ ဓားပြတိုက်နေတာ အဲ့ဒီတော့ အိမ်ရှင်မိသားစုတွေက ပြန်ချတာပေါ့။ ဒါပဲလေ။ ဘယ်အိမ်နီးချင်းတို့ ဘယ်အရပ်တို့က ကူလို့လဲ ဘယ်မှာလဲ ရဲတပ်ဖွဲ့ ဘယ်မှာလဲ တရားရုံး ပြည်တွင်းပြည်ပ လိုက်ရှာကြည့်ပါ ကိုယ်တိုင်ပဲ ပြန်ပြီး ခုခံရတာပါ။ အဲ့ဒီတော့ သပိတ်မှောက်ခဲ့တုန်းကလည်း အကြမ်းဖက်ပြီးတော့ ဖြိုခွင်းတယ် သတ်ပြစ်ခဲ့တယ်။ ဒါကြောင့်မို့လို့ စနစ်ကျတဲ့တော်လှန်ရေး လိုအပ်တဲ့ အင်စတီကျူးရှင်းတွေ ဖွဲ့ခဲ့ရတယ်။ မဖွဲ့မဖြစ် ဖွဲ့ခဲ့ရပါတယ်။CRPH တို့ NUG တို့ NUCC တို့  PDF တို့ဒါတွေကို ဖွဲ့ခဲ့ရတာ။ ဒီအချိန်မှာ ဘက်က နှစ်ဘက်ပဲ ရှိတာနော်။ အဲ့တော့ ဘယ်ဘက်ကို ရွေးချယ်မလဲ ဘာကို အသိအမှတ်ပြုမလဲ။ အမှန်တရားအတွက် ခုခံနေတဲ့ သူတွေကို ဂုဏ်ယူတယ်လို့ပြောတာ။ အဲ့ဒီသဘောထားကို ဖော်ပြတာပဲ။ ဒါတော်တော် ရှင်းပါတယ်။ တကယ်လို့သာ ဒါတွေဖွဲ့ပြီးတော့ ဒီနေ့အထိ ဒီအနေထားကို လက်မခံဘူးလို့ပြောကြည့်ပါလား ကျွန်တော်တို့ ချက်ချင်းလွှတ်လို့တောင် အော်စရာမလိုဘူး ဟိုဘက်က ချက်ချင်းလွှတ်ပေးမှာ။ သူ့ကိုအသုံးချမှာပဲ။ အဲ့ဒီတော့ စစ်တပ်က မတရားလုပ်ပြီး အသုံးချတာကိုတော့ မခံဘူး ပြည်သူနဲ့အတူတူပဲ ဒါပြောနေတာ။ ဒီနွေဦးတော်လှန်ရေး တစ်စုံလုံးကို ပြောနေတာ။ လက်ရှိရောက်လာတဲ့ အနေအထားအောင်မြင်မှုတွေကို ပြောနေတာ။ ဂုဏ်ယူနေတာ။ ဒါကနိုင်ငံတကာကော၊မဟာမိတ်ကော ပြည်သူတွေကော ရှင်းလင်းစွာရလိုက်တဲ့ သတင်းစကားပဲ။အောင်ရာအောင်ကြောင်း၊ ညီနေကြောင်း သတင်းစကားပဲ။ ပြောရရင်တော့ဗျာ လက်တွေ့ကျတဲ့ တုံ့ပြန်မှုလုပ်သမျှ ငုံ့ခံတဲ့သွေးကြောင်မှု မဟုတ်ဘူး။ အဲ့ဒါကို ဂုဏ်ယူတယ်လို့ ပြောတာပဲဗျ။ အင်မတန်ရှင်းပါတယ်ဗျာ။”


ရှောင်တာနာကို ဒေါ်စုက အဲဒီလို ပြောလိုက်ပါတယ်ဆိုတဲ့ သက်သေကိုလည်း ဘယ်မှာမှ သွားရှာလို့ မရဘူး။ ဒေါ်စုက ပြောလိုက်ပါတယ်ဆိုပြီး ရှောင်တာနာအနေနဲ့ သူပြောချင်ရာ ဖန်တီးပြောဆိုလို့ ရပါတယ်။ ရှောင်တာနာရဲ့ စကားကို အတည်ပြုတဲ့အနေနဲ့ ဝရမ်းပြေး မင်းကိုနိုင်ရဲ့ အာဘော်ကိုပါ ခင်မောင်စိုးက အကွက်ကျကျ ထည့်သွင်း ဖော်ပြသွားပါတယ်။


သိပ်ပြီးတော့ ရှည်ရှည်ဝေးဝေး သုံးသပ်တင်ပြလိုခြင်း မရှိပါဘူး။ မဲလိမ် မဲခိုးမှုတွေနဲ့ အဂတိလိုက်စားမှုတွေ ကျူးလွန်ခဲ့ခြင်းကြောင့် ပြစ်ဒဏ်ကျခံနေရတဲ့ ဒေါ်စုမှာ သူမရဲ့ မှားယွင်းတဲ့ လုပ်ရပ်တွေအပေါ် နောင်တကြီးစွာရပြီး တရားရှာနေမလား၊ အာဏာလက်လွတ် ဆုံးရှုံးခဲ့ရလို့ ရူးမတတ် ဖြစ်နေသလား ဆိုတာတော့ ဘယ်သူမှ မသိနိုင်ပါဘူး။


သို့သော် ပြည်ဖျက်မီဒီယာတွေနဲ့ ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူတွေကတော့ ဒေါ်စု ကို အသုံးချပြီး ပြည်သူနဲ့ တပ်မတော်ကို စနစ်တကျ သွေးခွဲ နေကြတုံးပဲ ဖြစ်ပါတယ်။ နီပိန်းတွေကလည်း ဒေါ်စုစကားဆိုရင် ဟုတ်နိုင်သလား၊ လုပ်ကြံဖန်တီး ဖော်ပြခြင်းလား မစဉ်းစားပါဘူး။ ဒါကြောင့်လည်း ပြည်ဖျက်မီဒီယာတွေနဲ့ ပြည်ပြေး ဝရမ်းပြေးတွေ လုပ်ကြံဖန်တီး ရေးသားဖော်ပြသမျှ အဟုတ်ထင်ပြီး မိုက်တွင်းနက်နေကြခြင်းဖြစ်ပါတယ်။


RFA က ခင်မောင်စိုးရဲ့ ဒီတစ်ခါ ရွှေ့ကွက်ကတော့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ကြီး ဒေါ်အောင်ဆန်းစုကြည်ကို အကြမ်းဖက်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဖြစ်အောင် ဖန်တီးရေးသား ဖော်ပြလိုက်ခြင်းပဲ ဖြစ်တယ်ဆိုတာကို "အခုလိုပြောဆိုလိုက်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူအစဉ်တစိုက်ခံယူခဲ့တဲ့ အကြမ်းမဖက်ရေး၊ စစ်တပ်နဲ့ ရင်ကြားစေ့ရေး ဆိုတဲ့မူတွေကို စွန့်လွှတ်လိုက်ပြီလားလို့ ပြည်တွင်းပြည်ပ ဝေဖန်သံတွေ ထွက်ပေါ်လာခဲ့ပါတယ်။" ဆိုတဲ့ လုပ်ကြံဖန်တီးရေးသားမှု က သက်သေခံနေပါတယ်။


RFA ခင်မောင်စိုး ရဲ့ အလိုအရတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူမ အစဉ်တစိုက် ခံယူခဲ့တဲ့ အကြမ်းမဖက်ရေး လမ်းစဉ်ကို စွန့်လွှတ်ပြီး အကြမ်းဖက်ရေးလမ်းစဉ်နောက်ကို လိုက်ပါလာပြီလို့ ပြောဆိုလိုက်ခြင်းပါပဲ။


ဒေါ်အောင်ဆန်းစုကြည်ကို လိုသလို အသုံးချနေတဲ့ ပြည်ဖျက်မီဒီယာများ နဲ့ ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူများကို အထူးမေတ္တာရပ်ခံပါရစေဗျာ။ လွတ်လပ်ရေး ဖခင်ကြီးရဲ့ သမီးကို ခင်ဗျားတို့ လိုသလို အသုံးချခဲ့တာတွေ များလွန်းမက များပါပြီ။ ဒေါ်စုကို ခုတုန်းလုပ်ပြီး ပြည်သူအချင်းချင်း လုပ်ကြံသတ်ဖြတ်မှုတွေ ဖြစ်ပေါ်အောင် လှုံ့ဆော်ခဲ့ကြလို့ ပြည်သူထောင်ပေါင်းများစွာလည်း သေဆုံးခဲ့ရပြီးပါပြီ။ မိန်းမသားတစ်ယောက်ဖြစ်တဲ့ ဒေါ်စု က အကြမ်းဖက်လမ်းစဉ်ကိုတော့ဖြင့် အားပေးထောက်ခံလိမ့်မယ် မထင်ပါဘူး။ လုပ်ကြံဖန်တီး ရေးသားဖော်ပြမှုတွေနဲ့ ပြည်သူထောင်ပေါင်းများစွာကို သတ်ခဲ့ပြီးတာတောင် အားမရနိုင်ကြသေးဘူးလား။ ဒေါ်စုကို အကြမ်းဖက်ခေါင်းဆောင်နေရာကို စွဲတင်ပြီး ပြည်သူတွေကို သတ်ကြအုံးမလို့လား။


ဒေါင်းနင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)