လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Russian State Atomic Energy Corporation “ROSATOM” တို့ ပူးပေါင်းဆောင်ရွက်မည့် စီမံကိန်းများဆိုင်ရာ တွေ့ဆုံဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Russian State Atomic Energy Corporation “ROSATOM” တို့ ပူးပေါင်းဆောင်ရွက်မည့် စီမံကိန်းများဆိုင်ရာ တွေ့ဆုံဆွေးနွေး


MNP ၊ ဒီဇင်ဘာ ၉

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Russian State Atomic Energy Corporation “ROSATOM” တို့ပူးပေါင်းဆောင်ရွက် မည့် စီမံကိန်းများဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့က လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရုံးအမှတ်(၂၇) အစည်းအဝေးခန်းမ၌ ကျင်းပသည်။


ဦးစွာ ပြည်ထောင်စုဝန်ကြီးဦးသောင်းဟန်က ယနေ့တွေ့ဆုံဆွေးနွေးရခြင်းသည် မိမိတို့ဝန်ကြီး ဌာနနှင့် ROSATOM တို့အကြား ပူးပေါင်းဆောင်ရွက်မည့် စီမံကိန်းများအတွက် လိုအပ်သည်များ ပေါင်းစပ် နိုင်ရန်နှင့် မြေပြင်တွင်လိုအပ်ချက်များ ပေါင်းစပ်နိုင်ရန်ပြုလုပ်သည့် ဆွေးနွေးပွဲဖြစ်ပါ၍ ရုရှား-မြန်မာ နှစ်နိုင်ငံနှစ်ပေါင်းများစွာ ချစ်ကြည်ရင်းနှီးစွာဖြင့် ရေရှည်ပူးပေါင်းမှု၏ အကျိုးရလဒ်များလည်း ဖြစ်ပါကြောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့မြို့တွင် စက်တင်ဘာ ၅ ရက်မှ ၈ ရက်အထိ ကျင်းပခဲ့သည့် သတ္တမအကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် (7th Eastern Economic Forum-EEF) ကာလအတွင်း စက်တင်ဘာ ၆ ရက်တွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနနှင့် ROSATOM တို့အကြား “Road Map on Cooperation in the field of the use of Nuclear Energy for Peaceful Purposes for 2022-2023” အား လက်မှတ်ရေးထိုးခဲ့ကြပါကြောင်း၊ ထို့ပြင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဆိုချီမြို့တွင် ကျင်းပခဲ့သည့် ATOMEXPO -2022 ကာလအတွင်း ရုရှားနိုင်ငံသို့သွား ရောက်ခဲ့သည့် ခရီးစဉ်တွင်လည်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Rosatom Energy Projects, Joint Stock Company တို့သည် ရုရှား-မြန်မာ Small Modular Reactor (SMR) Projects အတွက် ဖြစ်မြောက်နိုင်စွမ်း လေ့လာမှုဆောင်ရွက်ရန် သဘောတူစာချုပ်ကို နိုဝင်ဘာ ၂၁ ရက်တွင်လည်းကောင်း၊ နားလည်မှုစာချွန်လွှာ(MOU)ကို နိုဝင်ဘာ ၂၂ ရက်တွင်လည်းကောင်း လက်မှတ်ရေးထိုးခဲ့ကြသဖြင့် ပိုမိုတိုးတက်သည့် ရလဒ်ကောင်းများရရှိနေပြီဖြစ်ပါကြောင်း၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အနေဖြင့် လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်က ချမှတ်ထားသည့် မူဝါဒများနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုလာရောက်သော ROSATOM ကုမ္ပဏီအနေဖြင့် ထပ်မံတိုးချဲ့၍ ရင်းနှီးမြှုပ်နှံနိုင်ရန်၊ ဓာတ်အားပေး စက်ရုံများ တည်ဆောက်နိုင်ရန်၊ အသေးစားရေအား လျှပ်စစ်နှင့်ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဖွံ့ဖြိုးတိုးတက်စေရန်၊ လေအားလျှပ်စစ် အကောင်အထည်ဖော်နိုင်ရေး စီမံကိန်းလုပ်ငန်းများတွင်လည်း ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုဖြင့် ပူးပေါင်းပါဝင်နိုင်ရန် ဆွေးနွေးမှုများလည်း ရှိခဲ့ပြီးဖြစ်ပါကြောင်း၊ ယင်းဆွေးနွေးမှုများ အပေါ်တွင်လည်း ဆက်လက်တိုးတက်အောင် ဆောင်ရွက်စေလိုကြောင်း၊ နည်းပညာအကူအညီများ၊ တည်ဆောက်ရေးများနှင့် ရင်းနှီးမြှုပ်နှံမှုများတွင် လည်း ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနိုင်ပါရန် ဖိတ်ခေါ်လိုပါကြောင်း၊ တိုးတက်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရန်အတွက် အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်း ဖြစ်မြောက်နိုင်စွမ်း လေ့လာမှုများဆောင်ရွက်ခြင်းနှင့် စက်ရုံများတည် ဆောက်နိုင်မည့် ကနဦးနေရာများကို ကြည့်ရှုလေ့လာ ဆွေးနွေးခြင်းတို့အပြင် ယမန်နေ့ကလည်း မြန်မာနိုင်ငံအတွင်း လေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ဆောင်ရွက်နိုင်ရန် အလားအလာရှိသော နေရာများနှင့် အသေးစားရေအားလျှပ်စစ် တည်ဆောက် အကောင်အထည်ဖော်ရန် နေရာများကိုလည်း မြေပြင်ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ခဲ့ ပြီးဖြစ်သဖြင့် လေ့လာတွေ့ရှိချက်များအပေါ် ရလဒ်ကောင်းများရရှိစေရေး ဆက်လက်ဆွေးနွေး စေလိုပါကြောင်း ပြောကြားသည်။


မွန်းလွဲပိုင်းတွင် စီမံကိန်းလုပ်ငန်းများအလိုက် အကောင်အထည်ဖော်မည့်အဖွဲ့များနှင့် အသေးစားရေအားလျှပ်စစ်ထုတ်လုပ်နိုင်ရေး၊ ပြန်ပြည့်မြဲစွမ်းအင် လေအားလျှပ်စစ် ထုတ်လုပ်နိုင်ရေး၊ အပူစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေးနှင့် မြန်မာနိုင်ငံတွင် အသုံးပြုမည့် လျှပ်စစ်သုံးမော်တော်ယာဉ်များအတွက် လီသီယံဘက်ထရီထုတ်လုပ်သည့် စက်ရုံ တည်ဆောက်နိုင်ရေး စသည့်ကဏ္ဍများအလိုက် ဆက်လက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)