တူယှဉ်နွှဲပျော် ဂီတပွဲတော်” သီချင်းဆိုပြိုင်ပွဲ Season-2 ပွဲစဉ်(၁၈) Grand Final ပြိုင်ပွဲတွင် စိုးထက်အောင် ပထမဆုရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တူယှဉ်နွှဲပျော် ဂီတပွဲတော်” သီချင်းဆိုပြိုင်ပွဲ Season-2 ပွဲစဉ်(၁၈) Grand Final ပြိုင်ပွဲတွင် စိုးထက်အောင် ပထမဆုရရှိ


MNP  -   ဒီဇင်ဘာ ၃၀

(၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “တူယှဉ်နွှဲပျော် ဂီတပွဲတော်” Seson-2 ပွဲစဉ်(၁၈) Grand Final ပြိုင်ပွဲကို ယနေ့ညပိုင်းက ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကား စတူဒီယို(အေ)တွင် ကျင်းပသည်။


ကြည့်ရှုအားပေး


ဂီတပွဲတော်၏ Grand Final ပြိုင်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်၊ ရန်ကုန်မြို့တော်ဝန်နှင့် စည်ပင်သာယာရေး ဝန်ကြီး ဦးဗိုလ်ဌေး၊ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းသိန်း၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးမောင်မောင်သန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ် ဝင်းမြင့်ခိုင်တို့ တက်ရောက်ကြပြီး ရန်ကုန်တိုင်းဒေသကြီးမှ ထွန်းပပအောင် (MF03)၊ နေပြည်တော်မှ ပူတူး (MF09) နှင့် ဧရာဝတီတိုင်းဒေသကြီးမှ စိုးထက်အောင် (MF10) တို့၏ ပြဋ္ဌာန်းတေးသီချင်းနှင့် စိတ်ကြိုက် သီချင်းများဖြင့် ယှဉ်ပြိုင်သီဆိုမှုကို ဧည့်ပရိသတ် များနှင့်အတူ ကြည့်ရှုအားပေးကြသည်။


ပြိုင်ပွဲဝင် သုံးဦးယှဉ်ပြိုင်ပြီးနောက် ဧည့်သည်အဆိုတော်များ ဖြစ်ကြသည့် ရဲအောင်၊ စိုးသူ၊ Dဖြိုး၊ အိအိလှိုင်၊ စောဒယ်နီရယ်၊ ချိုမီမီဇော်၊ ဖူးဧကရီဆောင်း၊ အင်ကြင်းနိုင်ဦးနှင့် ခိုင်သစ္စာတို့က ဖျော်ဖြေကြပြီး (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တူယှဉ်နွှဲပျော် ဂီတပွဲတော် Season-2 ပိတ်ပွဲသီချင်း Group Song သီဆိုဖျော်ဖြေမှုတွင် တူယှဉ်နွှဲပျော် အဖွဲ့သားများက “စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်” နှင့် “တူယှဉ်နွှဲပျော် ဂီတပွဲတော်” တေးသီချင်းတို့ဖြင့် သံပြိုင်သီဆိုကြရာ တက်ရောက်အားပေးကြသည့် ပရိသတ်တို့က တစ်ခဲနက် သောင်းသောင်းဖြဖြ အားပေးကြသည်။


၁၈ ပတ်အကြာ ပြိုင်ပွဲကျင်းပ


တူယှဉ်နွှဲပျော် ဂီတပွဲတော် Season-2 သီချင်းဆိုပြိုင်ပွဲကို ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂ ရက် မှစတင်၍ နေပြည်တော် အပါအဝင်အဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ပြိုင်ပွဲ ဝင် ၄၅ ဦးကို ရန်ကုန်မြို့သို့ဖိတ်ခေါ်၍ အပတ်စဉ် သောကြာနေ့တိုင်း ပြဋ္ဌာန်းတေးသီချင်းနှင့် စိတ်ကြိုက် တေးသီချင်းများအား ရက်သတ္တပတ် ၁၈ ပတ်အကြာ ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါပြိုင်ပွဲတွင် အကဲဖြတ်ဒိုင်များအဖြစ် အနုပညာရှင် ထပ်ဆင့်အကယ်ဒမီ ချိုပြုံး၊ စန္ဒရားမျိုးနိုင်နှင့် တေးသံရှင် ခိုင်ဝါတို့က ဆောင်ရွက်ကြသည်။ သရုပ်ဆောင်/ တေးသံရှင်များဖြစ်ကြသည့် ဝေလျှံနှင့် သဉ္ဇာမြင့်မိုရ်တို့က အစီအစဉ်တင်ဆက်သူများအဖြစ် ဆောင်ရွက်ကြပြီး ဒီဇင်ဘာ ၂၃ ရက်တွင် ကျင်းပခဲ့သည့် ပွဲစဉ်(၁၇) Semi Final ပြိုင်ပွဲတွင် စိုးထက်အောင်၊ ထွန်းပပအောင်နှင့် ပူတူးတို့က အကဲဖြတ်ဒိုင်တို့၏ ပေးမှတ် ၃၀ ရာခိုင်နှုန်းနှင့် ပရိသတ်တို့၏ SMS Voting ရမှတ် ၇၀ ရာခိုင်နှုန်းတို့ဖြင့် နောက်တစ်ဆင့် တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။


ယနေ့ည Grand Final ပြိုင်ပွဲတွင် ၂၀၂၂-ခုနှစ်၏ တူယှဉ်နွှဲပျော် ဂီတပွဲတော် (Season-2) ၏ Winner ဆုရရှိသွားသော ဧရာဝတီတိုင်းဒေသကြီးမှ စိုးထက်အောင်အား အကယ်ဒမီများရှင် ချိုပြုံး၊ ဒုတိယဆုရ ရန်ကုန်တိုင်းဒေသကြီးမှ မထွန်းပပအောင်အား အကယ်ဒမီနေအောင်နှင့် တတိယဆုရရှိသော နေပြည်တော်မှမပူတူးကို တေးသံရှင်ခိုင်ဝါတို့က ဆုများ ပေးအပ်ချီးမြှင့်သည်။ Top(6)အဆင့်တွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က ပဲခူးတိုင်းဒေသကြီးမှ လျှမ်းထက်ကို (MF 05)အားလည်း ကောင်း၊ ရန်ကုန်မြို့တော်ဝန်နှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဗိုလ်ဌေးက ကရင်ပြည်နယ်မှ ချိုသဲဦး (MF06) ကိုလည်းကောင်း၊ စန္ဒရားမျိုးနိုင်က ကချင်ပြည်နယ်မှ လလဆွတ် (MF 07) ကို လည်းကောင်း၊ Top(7) အဆင့်တွင် စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က ချင်းပြည်နယ်မှ မြင့်မြတ်သူ(MF 02) အားလည်းကောင်း၊ Top(10) အဆင့်တွင် ရန်ကုန်တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းက စစ်ကိုင်းတိုင်းဒေသကြီးမှဇင်လေး (MF 08) အားလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးမောင်မောင်သန်းက စစ်ကိုင်းတိုင်းဒေသကြီးမှ ရေဂျီးနား (MF 04) ကိုလည်းကောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းမြင့်ခိုင်က ကချင်ပြည်နယ်မှ မေဇီ (MF 01)ကိုလည်းကောင်း ဆုများချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)