ငဖဲမြို့နယ်၌ Sever အတွင်း ထည့်သွင်းထားရှိသည့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆)အား မြေပြင်တိုက်ဆိုင်စစ်ဆေးရေးလုပ်ငန်းစဉ်များ ချပြရှင်းလင်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငဖဲမြို့နယ်၌ Sever အတွင်း ထည့်သွင်းထားရှိသည့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆)အား မြေပြင်တိုက်ဆိုင်စစ်ဆေးရေးလုပ်ငန်းစဉ်များ ချပြရှင်းလင်းပွဲ ကျင်းပ



MNP - ဒီဇင်ဘာ ၇


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ Sever အတွင်း ထည့်သွင်းထားရှိသည့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆)အား မြေပြင်တိုက်ဆိုင်စစ်ဆေးရေးလုပ်ငန်းစဉ်များ ချပြရှင်းလင်းပွဲအခမ်းအနားကို  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉နာရီက ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်၊ ကျေးရွာများမှ အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးများနှင့် ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်စိုးက  အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှူး ဦးပွားမောင်က နိုင်ငံတော်မှ ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းရလာဒ် မှန်ကန်စေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရမည့် မြေပြင်ရှိနှင့် အိမ်ထောင်စုလူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အီလစ်ထရောနစ် မှတ်ပုံတင်ဦးစီးဌာန EID စာရင်းတွင် ထည့်သွင်းထားသော အိမ်ထောင်စုလူဦးရေစာရင်းများကို မြို့နယ်များအလိုက် Print ထုတ်ယူ၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများရှိ အိမ်ထောင်စုလူဦးရေ တစ်စုချင်းစီအား မှန်ကန်သော စာရင်းရရှိရေး မြေပြင်စာရင်းကောက်ယူရေးအတွက် လုပ်ငန်းလမ်းညွှန်အဖြစ် ရည်ရွယ်၍ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အိမ်ထောင်စုစာရင်းနှင့် မြေပြင်စာရင်းတိုက်ဆိုင်စစ်ဆေးမည့် လုပ်ငန်းနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို Power Point ဖြင့် ချပြရှင်းလင်းဆွေးနွေးသည်။


ထို့နောက် တက်ရောက်လာကြသည့် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှအုပ်စုအုပ်ချုပ်ရေး မှူးများနှင့် စာရေးဝန်ထမ်းများ၊ ပညာရေးဌာနနှင့် ကျန်းမာရေးဌာနများမှ ဝန်ထမ်းများက သိရှိလိုသည်များကို မေးမြန်ဆွေးနွေးရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး အိမ်ထောင်စုလူဦးရေစာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအလိုက် ပေးအပ်ခဲ့ကြကြောင်း သိရသည်။


သတင်း - မယု


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)