ဘီးလင်းမြို့နယ်တွင် လူကူန်ကူးမှုဆိုင်ရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘီးလင်းမြို့နယ်တွင် လူကူန်ကူးမှုဆိုင်ရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ပြုလုပ်




MNP - ဒီဇင်ဘာ   ၁၉

      မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာနရုံးရှိ လူထုအခြေ ပြုဗဟိုဌာန Community Crntre ခန်းမတွင်ပြန်ကြားရေး နှင့်ပြည်သူ့ ဆက်ဆံ ရေးဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့တို ပူးပေါင်း၍ ဒီဇင်ဘာ  (၁၈)ရက် နံနက် (၁၀)နာရီ က လူကုန်ကူးမှုဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပ ပြုလုပ်ခဲ့သည်။

     ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ  ဦးစီးအရာရှိ ဒေါ်အေးမျိုးမျိုးစံက လူကုန်ကူးမှုဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်ရခြင်းရည်ရွယ်ချက်က်ုရှင်းလင်းပြောကြားသည်။ ထို့နောက်  ဘီးလင်းမြို့နယ်ရဲတပ်ဖွဲ့မှ ရဲအုပ် ရှိုင်းလင်းထက် က လူကုန်ကူးမှူ၏အဓိပ္ပါယ်၊ လူကုန်ကူးမှုဖြစ်စေနိုင်သည့်အကြောင်းအရင်း၊   လူကုန်ကူးမှုခံရနိုင်သူများနှင့် လူကုန်ကူးမှု ကျူးလွန်ပါက ကျခံရမည့် ပြစ်မှု၊ ပြစ်ဒဏ်များကို ဆွေးနွေး ခဲ့ ကြောင်းသိရသည်။

   ဘီးလင်းမြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ အသိပညာပေး Talk Show  ဆွေးနွေးပွဲအစီအစဉ် များ ရိုက်ကူး ထုတ်လွှင့်ခြင်းအပါအဝင် စာသင်ကျောင်းများနှင့် ပြည်သူ အသိပညာပေး  ဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက် လျှက်ရှိကြောင်း သိရသည်။

ထူးနောင် ဘီးလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)