ပေါင်မြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအ‌ကြောင်းသိကောင်းစရာ အသိပညာပေး(Talk Show) ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအ‌ကြောင်းသိကောင်းစရာ အသိပညာပေး(Talk Show) ပြုလုပ်




MNP  -  ဒီဇင်ဘာ ၂၀

မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအ‌ကြောင်းသိကောင်းစရာ အသိပညာပေး(Talk Show) ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre  ခန်းမ၌ ယနေ့ နေ့လယ်ကပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက  ( Talk Show) ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကိုပြောကြားသည်။

‌ထို့နောက် ပေါင်မြို့နယ် ဥပဒေရုံးမှဒုတိယမြို့နယ်ဥပဒေအရာရှိ ဒေါ်သီသီဟန်က ကလေးသူငယ်ဥပဒေနှင့်ပတ်သတ်၍ မြန်မာနိုင်ငံတွင် စတင်ပြဌာန်းခဲ့သည့်အ‌ကြောင်းအရာများ၊ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့်ပတ်သတ်၍ ကလေးသူငယ်၏အသက်ကိုပြဌာန်းထားသည့်ဥပဒေများ၊ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေ၏ရည်ရွယ်ချက်များ၊ဥပဒေများ၊ပြစ်မှုပြစ်ဒဏ်များစသည့်အ‌ကြောင်းအရာများကိုဆွေးနွေးခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့်  ( Talk Show) ပြုလုပ်ခြင်းဖြင့်  ပြည်သူများအသိပညာများတိုးပွားစေရန်ရည်ရွယ်ပါသည်။

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)