ပေါင်မြို့နယ်တွင် ရေသယံဇာတအ‌ကြောင်းသိကောင်းစရာ အသိပညာပေး(Talk Show) ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် ရေသယံဇာတအ‌ကြောင်းသိကောင်းစရာ အသိပညာပေး(Talk Show) ပြုလုပ်





MNP  -  ဒီဇင်ဘာ   ၂၁

မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင်  ရေချိုသယံဇာတထိန်းသိမ်းရေး  အ‌ကြောင်းသိကောင်းစရာ အသိပညာပေး(Talk Show) ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre  ခန်းမ၌ ယနေ့ နေ့လယ်ကပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက  ( Talk Show) ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကိုပြောကြားသည်။

‌ထို့နောက် သထုံခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယဦးစီးမှုး ဒေါ်ဖြိုးမို့အောင်က ရေသယံဇာတနှင့်ပတ်သတ်သည့်အကြောင်းအရာများ၊လူသားနှင့်အပင်တို့အတွက် ရေဟာဘယ်လောက်ထိအရေးပါပုံ၊လူသားနှင့်အပင်တို့အတွက် အလွန်အရေးပါလှတဲ့ သယံဇာတတစ်ခုဖြစ်တဲ့ ရေကိုအရင်းအမြစ်တွေကနေ ရရှိနိုင်ပုံ၊သက်ရှိလောကအတွက်အလွန်အရေးကြီးတဲ့ ရေသယံဇာတများ တစ်နေ့တစ်ခြားရှားပါးလာရတဲ့အကြောင်းအရာများ၊လူသားတွေနဲ့သက်ရှိလောကတစ်ခုလုံးဟာရေထုညစ်ညမ်းမှုအပြင်ရေရှားပါးလာနေတာကိုကြုံတွေ့နေရသည့်အခက်အခဲများ၊စိန်ခေါ်မှုများ၊ရေချွေတာသုံးစွဲသင့်သည့်အချက်များ  စသည့် အ‌ကြောင်းအရာများကိုဆွေးနွေးခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့်  ( Talk Show) ပြုလုပ်ခြင်းဖြင့်  ပြည်သူများအသိပညာများတိုးပွားစေရန်ရည်ရွယ်ပါသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)