အသေးစား အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး Talk Show စကားဝိုင်းဆွေးနွေးပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အသေးစား အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး Talk Show စကားဝိုင်းဆွေးနွေးပွဲ ပြုလုပ်



MNP  -  ဒီဇင်ဘာ ၂၅

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေး Talk Show နှင့် စကားဝိုင်းဆွေးနွေးပွဲကို တောင်ကြီးမြို့၊ လူထုအခြေပြုဗဟိုဌာန Community Centre ဘက်စုံသုံးခန်းမ တွင် ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။


အဆိုပါ အသိပညာပေး Talk Show တွင် ပြည်နယ်ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီး ဌာနမှ ညွှန်ကြားရေးမှူး ဦးလေးနိုင်က ပြည်နယ်ရင်းနှီးမြုပ်နှံမှု ကော်မတီအနေဖြင့် ဒေသဖွံဖြိုးရေး ဆောင်ရွက်နေသည့် လုပ်ငန်းများဖြစ်သည့် ရင်းနှီးမြုပ်နှံမှုပြပွဲ၊ ခရီးသွားလုပ်ငန်းစကားဝိုင်း ဆွေးနွေးပွဲ၊ စိုက်ပျိုးရေးကဏ္ဍ ရင်နှီးမြုပ်နှံမှုဖိုရမ်၊ စိုက်ပျိုးရေးကဏ္ဍ စကားဝိုင်းဆွေးနွေးပွဲ၊ မွေးမြူရေးကဏ္ဍ စကားဝိုင်း ဆွေးနွေးပွဲ၊ ဆီထွက်သီးနှံကဏ္ဍစကားဝိုင်းဆွေးနွေးပွဲနှင့် MSMEs ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုအခြေအနေများနှင့် Online စနစ်ဖြင့် လုပ်ငန်းလိုင်စင် ဆောင်ရွက်ပုံ အဆင့်ဆင့်ကို လည်းကောင်း၊ ပြည်နယ်မြန်မာ့စီးပွားရေးဘဏ် ဒုတိယအထွေထွေ မန်နေဂျာ ဦးအောင်မျိုးထွန်းက ပြည်သူများ အတိုးနှုန်း သက်သာစွာဖြင့် ချေးငွေများ လျှောက်ထား ရယူနိုင်မည့် နည်းလမ်းများကိုလည်းကောင်း၊ ပြည်နယ်စက်မှု ကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးညီညီအောင်က SME Member Card များကို Online စနစ်ဖြင့် လျှောက်ထားရာတွင် လုပ်ဆောင်ပုံအဆင့်ဆင့်ကိုလည်းကောင်း၊ ပြည်နယ်အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခိုင်ခိုင်သိန်းက အသေးစားစက်မှု လက်မှုလုပ်ငန်းကို မှတ်ပုံတင်ခွင့်ပြုရန် လျှောက်ထားခြင်းနှင့် စက်ရုံအလုပ်ရုံမှ ထုတ်လုပ်သော (စားသောက်ကုန်၊ လူသုံးကုန်၊ အလှကုန်) ပစ္စည်းနမူနာများအား ဓာတ်ခွဲစမ်းသပ်ပေးရန် လျှောက်ထားသည့် စနစ်ကို လည်းကောင်း၊ စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌ ဦးဝင်းသော်က စက်မှုဇုန်မြေနေရာများတွင် လက်ရှိအသုံးပြုမှု အခြေအနေများကိုလည်းကောင်း၊ ရှမ်းပြည်နယ် အစားအစာနှင့် ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာဝင်းက အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ မျှော်မှန်းချက်၊ လုပ်ငန်းတာဝန်များနှင့် ကုန်ကြမ်းများနှင့် ထုတ်လုပ်ပြီး အစားအသောက် များကို အရည်အသွေးစစ်ဆေးခြင်းနှင့် ပတ်သက်၍လည်းကောင်း အသီးသီးပါဝင် ဆွေးနွေးခဲ့ကြသည်။ စကားဝိုင်းတွင် ဦးဆောင်ဆွေးနွေးသူ အဖြစ် Consultant (Social/economic) ဒေါ်မြတ်မြတ်မိုးက‌ ဆောင်ရွက်ခဲ့သည်။


အဆိုပါ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေး Talk Show ဆွေးနွေးမှုများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ဒီဇင်ဘာ ၂၈ ရက်နေ့ တွင် တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်း၌ ကျင်းပပြုလုပ်မည့် MSMEs ဒေသထုတ်ကုန်ပြပွဲ၊ စျေးရောင်းပွဲဖွင့်ပွဲ၊ အခမ်းအနားတွင် ထုတ်လွှင့်ပြသသွားမည်ဖြစ် ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)