စဉ့်ကူးမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်းကောက်ယူခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကူးမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်းကောက်ယူခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပ


MNP  -   ဒီဇင်ဘာ  ၂၆

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော အိမ်ထောင်စုလူဦးရေစာရင်း ကောက်ယူခြင်းဆိုင်ရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို စဉ့်ကူးမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နေ့လယ်(၁)နာရီက ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်ဇာလွင် က မြန်မာနိုင်ငံတစ်ဝန်းတွင် လူဦးရေစာရင်းများ မှန်ကန်စေရေးအတွက် နိုင်ငံတော်က မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ အဆင့်ဆင့်ဖွဲ့စည်းပြီး လုပ်ငန်းများဆောင်ရွက်နေကြောင်း၊ မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့ (Working Group) ဖွဲ့စည်း၍ မြေပြင်တွင် လက်တွေ့ကွင်းဆင်း ဆောင်ရွက်ရမည် ဖြစ်သည့်အတွက် မြေပြင်ကွင်းဆင်း ကောက်ယူခြင်းနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရည်ရွယ်၍ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။ 


ဆက်လက်၍ မြို့နယ်လူဝင်ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန စဉ့်ကူးမြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးရွှေဝင်း က အိမ်ထောင်စုလူဦးရေစာရင်း ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးရခြင်း ရည်ရွယ်ချက်များ၊ မိမိတို့ဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များအနက်မှ လက်ရှိ‌ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်(၃)ခုအကြောင်း၊ မြေပြင်ကွင်းဆင်းအဖွဲ့တွင် ပါဝင်မည့် အဖွဲ့အစည်းများ၊ နိုင်ငံသားများ၏ ကိုယ်ရေးအချက်အလက်များ မှန်ကန်ရေးနှင့် လူဦးရေစာရင်းများ မှန်ကန်ရေး တစ်အိမ်တက်ဆင်း တိုက်ဆိုင်စစ်ဆေးခြင်းဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် လဝကရုံး များသို့ လာရောက်ရန် အခက်အခဲဖြစ်နိုင်သည့်အတွက် မြေပြင်ကွင်းဆင်းအဖွဲ့ဖြင့် အိမ်တိုင်ရာရောက် လာရောက်ဆောင်ရွက်ပေးရခြင်း ဖြစ်ကြောင်း၊ နိုင်ငံ၏သယံဇာတ လူသားအရင်းအမြစ်များ တိကျ မှန်ကန်စွာ မှတ်တမ်းထားရှိရေး ပြည်သူအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြစေလိုကြောင်း စသည့် အချက်များအား ပြည်သူများသိရှိနိုင်စေရန် အကျယ်တဝင့် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။


တင်ဇာလွင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)