ပုဏ္ဏားကျွန်းမြို့၌ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့၌ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ


MNP ၊ ဒီဇင်ဘာ ၂၈

      ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း ၍ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲကို  ယမန်နေ့၊ ညနေ (၃)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ကျင်းပခဲ့သည်။


     ဆွေးနွေးပွဲတွင် ပုဏ္ဏားကျွန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဆွေက Talk Show ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ကလေးသူငယ်အခွင့်အရေးများနှင့်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် လက်ရှိဆောင်ရွက်ပေးနေမှု အခြေအနေတို့ကို မေးမြန်းဆွေးနွေးခဲ့သည်။


     ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာနမှ  မြို့နယ်ဦးစီးမှူး ဦးရဲမင်းဇံက ကလေးသူ ငယ် အခွင့်အရေးများနှင့်ကလေးအလုပ် သမားပပျောက်ရေးအတွက် ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ကလေးသူငယ်များအား အတင်းအဓမ္မခိုင်းစေမှုတွေနှင့်ကလေးသူငယ်တို့အပေါ် အနိုင်ကျင့်ခိုင်းစေမှုများ ပေါ်လွင်ထင်ရှားနေပါက တရားဥပဒေအရ သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ တရားစွဲဆိုမှု၊ အရေးယူဆောင်ရွက်မှု၊ အရွယ်မရောက် သေးသည့် မိဘမဲ့ကလေးသူငယ်များကို မိမိတို့ဝန်ကြီးဌာနမှ တာဝန်ယူစောင့်ရှောက်ပေးနေမှု အခြေ အနေများအား ရှင်းလင်းပြောခဲ့ကြောင်းသိရသည်။


နီထွန်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)