ကျိန္တလီမြို့၌ အစာအဆိပ်သင့်ခြင်းမှကာကွယ်ခြင်းအသိပညာပေး(Talk Show)ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိန္တလီမြို့၌ အစာအဆိပ်သင့်ခြင်းမှကာကွယ်ခြင်းအသိပညာပေး(Talk Show)ကျင်းပပြုလုပ်



MNP  -  ဒီဇင်ဘာ ၃၁

    ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ (Community Centre)ခန်းမတွင် ယနေ့နံနက်ပိုင်းက စာရေးဆရာ မြင့်သိန်း ရေးသားထားသော အစာအဆိပ်သင့်ခြင်း ခေါင်းစဉ်ဖြင့် အသိပညာပေး (Talk Show) ကျင်းပခဲ့သည်။


    ထိုသို့ဆောင်ရွက်ခြင်းကို ကျိန္တလီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်သန်းသန်းလေးနှင့် ရုပ်သံကျွမ်းကျင်-၃(အင်အားပြ)ဒေါ်ဖြိုးဝေသူတို့က ဆွေးနွေးပြောကြားခဲ့ပြီး အစာအဆိပ်သင့်မှုဖြစ်ပွားခြင်းသည် ရှားပါးမှုတစ်ခုဖြစ်ကြောင်း၊ အစာအဆိပ်သင့်မှုဖြစ်ရခြင်းသည် ဗက်တီးရီးယား ပိုးများကြောင့်ဖြစ်ပြီး လူကိုသေစေနိုင်ကြောင်း၊ ရက်လွန်ပြီးမှိုတက်နေသော အစားအစာ များတွင် ဗိုင်းရပ်စ်ပိုးများ ပျံ့နှံ့နေခြင်းကြောင့် မစားသင့်ကြောင်း၊ အစားအစာများကို ချက်ပြုတ်ရာတွင် ကိုင်တွယ်သောလက်နှင့် အိုးခွက် ပန်းကန်များမှာသန့်ရှင်းရန်လိုအပ်ကြောင်း၊ အစားအစာများကို ကျက်အောင်ချက်ပြုတ်ပြီးမှစားသင့်ကြောင်း၊ အသင့်စားစည်သွပ်ဗူးများစားသုံးရာတွင် သက်တမ်းကုန် ရက်ကိုကြည့်ပြီးမှစားသင့်ကြောင်းနှင့် သက်တမ်းမကုန်သေးသော်လည်း အရောင်တစ်မျိုးနှင့် အနံ့တစ်မျိုး ပြောင်းနေလျှင်မစားသင့်ကြောင်းတို့ကိုရှင်းလင်းပြောကြားခဲ့သည်။


    ထို့နောက် အစာအဆိပ်သင့်ခြင်းဖြစ်ပွားရသောလက္ခဏာများမှာ အစာစားပြီးခဏအကြာ၌ မူးဝေလာခြင်း၊ အော့အန်ခြင်း(သို့မဟုတ်)ဝမ်းပျက်ခြင်းတို့ဖြစ်ကြပြီး အခြားဖြစ်ရပ်အချို့မှာ ဝမ်းဗိုက် အောင့်လာခြင်း၊ ကိုယ်ပူလာခြင်းနှင့်ပျို့အန်ခြင်းတို့ဖြစ်တတ်ကြောင်း၊ အစာအဆိပ်သင့်ခြင်းသည် ရေဓာတ်ခမ်းခြောက်ခြင်းဖြစ်၍ အားနည်းလားခြင်း၊ မောပမ်းခြင်း၊ ခေါင်းမူးခြင်းတို့မှ သတိလစ်သွားသည်ထိ ဖြစ်တတ်ကြောင်း၊ ထိုသို့ဖြစ်ပေါ်လာပါက နီးစပ်ရာဆေးခန်းသို့ သွားရောက်၍ ဆေးကုသမှု ခံယူသင့်ကြောင်းကိုလည်း ပြောကြားခဲ့သည်။ ဆက်လက်၍ အစာအဆိပ်သင့်ခြင်းကို ကြိုတင် ကာကွယ်သင့်ကြောင်းနှင့် ကာကွယ်ရန်အတွက် အစားအစာများကို ချက်ပြုတ်ရာတွင် အသုံးပြုသည့် အိုးခွက်ပန်းကန်များ၊ မီးဖိုနေရာများကို သန့်ရှင်းရေး အမြဲပြုလုပ်ပြီး မိမိ၏လက်များကိုလည်း အမြဲသန့်ရှင်းအောင်ထားသင့်ကြောင်းကိုထပ်မံပြောကြားခဲ့သည်။ 


အဆိုပါ Talk Show အစီအစဉ်ကို ကျိန္တလီမြို့ ပြည်သူ့စာကြည့်တိုက် Facebook Page နှင့်          We Love Kyeintali Page တို့တွင်ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)