မြောက်ဦးမြို့၌ မီးခိုးမြူငွေ့ဆိုင်ရာသိကောင်းစရာများအသိပညာပေး Talk Show ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့၌ မီးခိုးမြူငွေ့ဆိုင်ရာသိကောင်းစရာများအသိပညာပေး Talk Show ပြုလုပ်


MNP   -    ဒီဇင်ဘာ ၁၉ 

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် ၊ မြောက်ဦးမြို့၌ မီးခိုးမြူငွေ့ဆိုင်ရာသိကောင်းစရာများ အသိပညာပေး Talk Show ပြုလုပ်ခြင်းကို  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့ နေ့လယ် ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခိုင်စန္ဒာထွန်း မှ ပြန်သူများသိရှိနိုင်စေရန်အတွက် မီးခိုးမြူငွေ့ဆိုင်ရာသိကောင်းစရာများအသိပညာပေး အ ကြောင်းအရာများကို မေးမြန်းခဲ့ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးသန်းဌေးမှ မီးခိုးမြူငွေ့ဆိုသည်မှာ လေထုထဲတွင်ရှိသည့် ဖုန်မှုန့်များ၊ ရေငွေ့များ၊ အလွန်သေးငယ်သောအမှုန်အမွှားများ၊ (Particulate Matter)တို့ကဲ့သို့ အမျိုးမျိုးသော ဓာတ်ငွေ့များနှင့် အခြားအငွေ့ပျံနိုင်သော အရာများရောနှောနေနိုင်သည့် အရာများဖြစ်ပြီး မီးခိုးမြူငွေ့များ များပြားလာပါက လေထုညစ်ညမ်းမှုများ ဖြစ်စေကာ သက်ရှိသတ္တဝါများနှင့် အပင်များကို ထိခိုက်စေနိုင်သည်။ မီးခိုးမြူငွေ့များ ဖြစ်ပေါ်စေသည့် အဓိကအကြောင်းအရာ  များတွင် သဘာဝအလျောက် တောမီးများလောင်ကျွမ်းခြင်း၊ စက်ရုံ/အလုပ်ရုံ၊ မော်တော် ယာဉ်များနှင့် ဒီဇယ်အင်ဂျင်များမှ ထွက်ရှိလာခြင်းဖြစ်သည်။ မီးခိုးမြူငွေ့များ ကြာရှည်စွာ ဖြစ်ပေါ်လာလျှင် အက်စစ်မိုးများရွာသွန်းခြင်း၊ အရာဝတ္ထုများ၏ အရောင်ကို ခွဲခြားရန် ခက်ခဲ့ခြင်း၊ မျက်စိစပ်ခြင်း၊ ပန်းနာရင်ကြပ်ခြင်း၊ ချောင်းဆိုးခြင်း စသည့်ဆိုးကျိုးများ ဖြစ်ပေါ် စေနိုင်ပါသည်။ မီးခိုးမြူငွေ့ညစ်ညမ်းများဖြစ်ပေါ်လာလျှင် နေအိမ်ထဲတွင် နေထိုင်ခြင်း၊ အပြင် ထွက်ပါက လုံခြုံစွာဝတ်ဆင်ခြင်း၊ ထီး၊ ဦးထုပ်များဆောင်းခြင်း၊ ရက်ကြာရှည်စွာ ဖြစ် ပွားပါက လွတ်ကင်းရာနေရာများသို့ ရွှေ့ပြောင်း နေထိုင်ကြရမည် ဖြစ်သည်။ ထိုနောက် သစ်ပင်စိုက် ပျိုးခြင်း၊ ထင်းအစားထိုး လောင်စာများ အသုံးပြုခြင်း၊ တောင်ယာခုတ်ထွင်ခြင်း၊ မီးရှို့ခြင်းများ အားအတတ်နိုင်ဆုံး လျှော့ချခြင်း၊ အများသုံး ဘတ်စကားစီးခြင်း၊ မီးရထားစီးခြင်း၊ လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း  စသည့် အလေ့အထများကို လေ့ကျင့် ပျိုးထောင် ခြင်းဖြင့် ကာဗွန်ဒိုင်လျှော့ချနိုင်ပြီး ပတ်ဝန်းကျင်၊ လူမှုရေး၊ စီးပွားရေး မဏ္ဍိုင်သုံးခုနှင့် ဟန်ချက်ညီညီ ပေါင်းစပ်ဆောင်ရွက်နိုင်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပြည်သူများကိုအသိပညာ ပေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။


မြင့်စိုး ၊ စိုးငြိမ်းနိုင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)