အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးဆိုင်ရာ သိကောင်းစရာTalk Show ပြုလုပ် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးဆိုင်ရာ သိကောင်းစရာTalk Show ပြုလုပ်


36


MNP  -   ဒီဇင်ဘာ ၂၅

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်း စာရင်းကောက်ယူ ရေးဆိုင်ရာ သိကောင်းစရာ Talk Show အား ယမန်နေ့ မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ကော့သောင်းမြို့နယ်ဦးစီးမှူးရုံးတို့ပူးပေါင်းကာ ကော့သောင်းခရိုင် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင်  ပြုလုပ်ခဲ့ သည်။


ဆွေးနွေးပွဲတွင် ကော့သောင်းခရိုင် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဇင်ဦးက ဆွေးနွေးပွဲ Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ကော့သောင်းမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး၊ ဦးစီးအရာရှိ ဦးမြတ်ဇော်မင်းက  နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)ကိုင်ဆောင်မှုနှင့် ပတ်သက်၍ ပြည်သူများ သိသင့်သိထိုက် သည့် အကြောင်းအရာများ၊ အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးနိုင်သည့် နည်းလမ်းများ၊ ခရိုင်အတွင်းနှင့် မြို့နယ် များအလိုက် လူဦးရေစာရင်းမှန်ကန်စေရန် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး (Working Group)များ ဖွဲ့စည်းခြင်း နှင့် လုပ်ငန်းတာဝန်များ၊ စာရင်းကောက်လက်စွဲစာစောင်ပါ အကြောင်းအရာများ၊ ကျင့်ဝတ်များ၊ အိမ်ထောင်စု စာရင်း ရေးသွင်းခြင်းနှင့် စာရင်းကောက်များ သိထားသင့်သည်များ၊ စာရင်းကောက်ယူပြီး စာရင်းချုပ်ပြုစုခြင်းနှင့် မသန်စွမ်း(၅) မျိုးအား စာရင်းကောက်ယူမှုနည်းစနစ်များ၊ ယာယီနေထိုင်သူများအား စာရင်းကောက်ယူခြင်းဆိုင်ရာများ၊ ပြောင်းဝင်/ ပြောင်းထွက်/သေဆုံးသူများနှင့် စပ်လျဉ်းသည့် မှတ်ချက်ပေးပြီး (update) ပြုလုပ်ခြင်းဆိုင်ရာများ၊ အိမ်ထောင်စုအတွင်း နိုင်ငံသားကတ်ပြားအမှတ်များ ပြန်လည်ဖြည့်သွင်းခြင်း ဆိုင်ရာများ၊ အိမ်ထောင်စု(၁)ခုထက်ပို၍ ကိုင်ဆောင်ထားသူ များနှင့် အိမ်ထောင်စုအလိုက် ထပ်နေသူများအား နိုင်၄ Server မှ ပြန်လည်ရှာဖွေဖြည့်သွင်းခြင်း စသည့်အကြောင်း အရာများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး  အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။


ကျော်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages