USDP ပါတီက (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

USDP ပါတီက (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲ ကျင်းပ









MNP ၊ ဒီဇင်ဘာ ၃၁

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ဥက္ကဋ္ဌ ဦးခင်ရီသည် ၃၀-၁၂-၂၀၂၂ ရက်နေ့ ညနေ ၁၅ ၁၅ အချိန်တွင် ပါတီဌာနချုပ် အားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။


အစီအစဉ်အရ ဖွင့်ပွဲအခမ်းအနားကို တက်ရောက်လာကြသည့် ပါတီအကြီးအကဲများ၊ ဦးစီးရုံးအဖွဲ့ဝင်များနှင့်မိသားစုဝင်များ၊ တိမ်းရှောင်မိသားစုများနှင့် အားကစားအသင်းများမှ အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆို၍ ပါတီဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားရာ " မိမိတို့ နိုင်ငံလွတ်လပ်ရေးရရှိမှု သမိုင်းကြောင်းနှင့် နိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစားတန်ဖိုးထားဖို့လိုကြောင်း၊ ပါတီတွင်းချစ်ချစ်ခင်ခင်နဲ့ စည်းလုံးညီညွတ်မှုကို ပိုမိုခိုင်မြဲစေရန်အတွက် ယနေ့အားကစားပွဲအခမ်းအနားကို ကျင်းပခြင်းဖြစ်ကြောင်း၊ အားကစားကဏ္ဍသည်လည်း နိုင်ငံ၏အရေးပါသော အခန်းကဏ္ဍတစ်ခုအဖြစ်ရှိနေကြောင်းနှင့် တစ်ဦးချင်းသော်လည်းကောင်း အဖွဲ့လိုက်သော်လည်းကောင်း အားစိုက်၍ အားကစားစိတ်ဓာတ်အပြည့်အဝဖြင့် ယှဉ်ပြိုင်ကြရန်" ထည့်သွင်းပြောကြားခဲ့သည်။

အစီအစဉ်အရ အားကစားသမားများမှ ပါတီဥက္ကဋ္ဌအား စစ်ကြောင်းပုံစံဖြင့် ချီတက်အလေးပြုခဲ့ကြပြီး အားကစားကွင်းအတွင်းမှထွက်ခွာကာ ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ပြီး ပါတီဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်များသည် ပါတီဌာနချုပ်(ဂ)အသင်းနှင့် ရွှေဧည့်သည်အသင်းတို့ ယှဉ်ပြိုင်ကစားမှုကို ဦးစီးရုံးအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ တိမ်းရှောင်မိသားစုဝင်များနှင့်အတူ ပျော်ရွှင်စွာကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)