MNP - ဒီဇင်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ မိုးကုတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ခု၊ ဘဏ်ဏ္ဍာရေးနှစ်တွင် ထပ်တိုးဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်းကို ညောင်ထောက်ကျေးရွာအုပ်စု၊ နားယောကျေးရွာ၌ ဆောင်ရွက်မည်ဖြစ်ရာ နိုင်ငံတော်မှ ထောက်ပံ့ရန်ပုံငွေ ကျပ်(၁၀) သန်းအား ကျေးရွာတွင်လုပ်ငန်း ဆောင်ရွက်နိုင်ရေးအတွက် ကျေးရွာ ကော်မတီဝင်(၂)ဦးအား သင်တန်းပို့ချပေးခြင်းကို မိုးကုတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ဒီဇင် ဘာလ ၁၂ ရက်နေ့မှစ၍ ဆောင်ရွက်လျက်ရှိသည်။
အဆိုပါသင်တန်းတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံချက်ရေးဆွဲနည်းနှင့်လုပ်ငန်းအကောင်အထည်ဖော်ရေး (AVIP) တို့အား သင်ကြားပို့ချပေးမည်ဖြစ်ပြီး သင်တန်းကို (၁၂.၁၂.၂၀၂၂) ရက်နေ့မှ (၁၆.၁၂.၂၀၂၂) ရက်နေ့ထိ (၅)ရက်ကြာ ပို့ချပေးသွားမည်ဖြစ်သည်။
မိုးကုတ်မြို့နယ်၊ ညောင်ထောက်ကျေးရွာအုပ်စု၊ နားယောကျေးရွာ၌ အဆိုပါ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးပါက အိမ်ခြေ (၄၄)အိမ်၊ အိမ်ထောင်စု (၄၅)စုမွ လူဦးရေ (၂၁၃)ဦးတို့အား အကျိုးပြုနိုင်မည်ဖြစ်ကြောင်း မိုးကုတ်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်အောင်ထံမှ သိရသည်။
သတင်း - ကြည်ကြည်နွဲ့
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment