ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီးမိုးအောင် ရုရှား ဒုတိယရေတပ် ဦးစီးချုပ် Vice Admiral Igor MUKHAMETSHIN အား လက်ခံတွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီးမိုးအောင် ရုရှား ဒုတိယရေတပ် ဦးစီးချုပ် Vice Admiral Igor MUKHAMETSHIN အား လက်ခံတွေ့ဆုံ




MNP ၊ ဒီဇင်ဘာ ၂၆

ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်သည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်သို့ရောက်ရှိနေသော ရုရှားဒုတိယ ရေတပ်ဦးစီးချုပ် Vice Admiral Igor MUKHAMETSHIN ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယမန်နေ့ နံနက်ပိုင်းက ဧရာဝတီရေတပ်စခန်း ဌာနချုပ် အရာရှိရိပ်သာ၌ လက်ခံတွေ့ဆုံသည်။


ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံရေတပ်မှ စစ်ရေယာဉ်များ အပြန်အလှန် ချစ်ကြည်ရေးခရီးစဉ်များ လေ့လာလည်ပတ်နိုင်မှုနှင့် နှစ်နိုင်ငံရေတပ်များအ ကြားချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာရေး အတွက် အဆင့်လိုက်ချစ်ကြည် ရေးခရီးစဉ်များ အပြန်အလှန် လေ့လာလည်ပတ်နိုင်ရေး၊ မြန်မာ့တပ်မတော်မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ သင်တန်းသားများ စေလွှတ်သင်ကြားလျက်ရှိသည့် အခြေအနေများနှင့် နှစ်နိုင်ငံရေတပ် အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များအား ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။


အဆိုပါတွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့်အတူ တပ်မတော်(ရေ) မှအရာရှိကြီးများ တက်ရောက်ကြသည်။ တွေ့ဆုံပွဲအပြီးတွင် ကာကွယ်ရေးဦးစီး ချုပ်(ရေ)နှင့် ရုရှားဒုတိယ ရေတပ်ဦးစီးချုပ်တို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။


ထို့နောက်  ရုရှားဒုတိယရေတပ် ဦးစီးချုပ် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ဧရာဝတီရေတပ်စခန်း ဌာနချုပ် အမှတ်(၄)ရေတပ် ဗောတံတားမှ တပ်မတော်စစ်ရေယာဉ်ဖြင့် ထွက်ခွာခဲ့ကြပြီး ရေတပ်လေ့ကျင့်ရေး ဌာနချုပ် အမှတ်(၅)ရေတပ်ဗောတံတားသို့ ရောက်ရှိကြရာ ရေတပ်လေ့ကျင့်ရေး ဌာနချုပ် ဌာနချုပ်မှူး ဗိုလ်ချုပ်နိုင်မင်းကျော်နှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။ ၎င်းနောက် တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များ၏ လေ့ကျင့်ရေးဆိုင်ရာ ဆောင်ရွက်ပေးနေမှု ကိစ္စရပ်များအား ရှင်းလင်းတင်ပြခဲ့ကြပြီးShip Handling Simulator တွင် လေ့ကျင့်နေမှုအား လည်းကောင်း၊ Engine Room Simulator တွင် လေ့ကျင့်နေမှုများအား လည်းကောင်း လှည့်လည်ကြည့်ရှု လေ့လာကြရာ သိရှိလိုသည်များအား တာဝန်ရှိသူများက ရှင်းလင်း တင်ပြခဲ့ကြကြောင်း သတင်း ရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)