ဗန်းမော်ခရိုင်တွင် (Working Group) မြေပြင်ကွင်းဆင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗန်းမော်ခရိုင်တွင် (Working Group) မြေပြင်ကွင်းဆင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 



MNP - ဒီဇင်ဘာ  ၁၇


ကချင်ပြည်နယ် ဗန်းမော်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဗန်းမော်ခရိုင် (Working Group) မြေပြင်ကွင်းဆင်းကောက်ယူရေးကြီးကြပ်မှုကော်မတီလုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီခွဲခန့်က ကျင်းပခဲ့ကြောင်း သိရသည်။


အစည်းအဝေးတွင် ဗန်းမော်ခရိုင်(Working Group) မြေပြင်ကွင်းဆင်းကောက်ယူရေး ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်လွင်က (Working Group) မြေပြင်ကွင်းဆင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီ ဖွဲ့စည်းပုံအဆင့်ဆင့်နှင့် လုပ်ငန်းတာဝန်များ၊ မြေပြင်ကွင်းဆင်း ကောက်ယူရေးသတ်မှတ်ရက်မတိုင်မီ မြို့နယ်အဆင့်ကော်မတီ၊ ရပ်ကျေးအုပ်စု ကော်မတီနှင့် မြေပြင် တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့ စသည်တို့ကို ဖွဲ့စည်းထားကြရန်၊ ကွင်းဆင်း ကောက်ယူရေးသတ်မှတ်ရက်ဖြစ်သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၉) ရက်နေ့မှ (၃၀)ရက်အတွင်းတွင် စနစ်တကျ မှန်မှန်ကန်ကန် ပြီးစီးအောင်ဆောင်ရွက်ကြရန်မှာကြားပြီး ခရိုင်အဆင့် (Working Group) မြေပြင်ကွင်းဆင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီအတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဘုန်းမော်မိုးက လူဦးရေစာရင်း မြေပြင်ကွင်းဆင်း ကောက်ယူရေးစီမံချက်နှင့် သင်တန်းစီမံချက်များရေးဆွဲထားရှိမှု အခြေအနေတို့ကို ပရိုဂျက်တာဖြင့် အသေးစိတ်ရှင်းလင်းဆွေးနွေးရာ တက်ရောက်လာသည့် ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက သိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


အစည်းအဝေးသို့ ဗန်းမော်ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကြက်ခြေနီကြီးကြပ်မှုကော်မတီမှတာဝန်ရှိသူများ၊ အမျိုး သမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း တို့မှတာဝန်ရှိသူများ  တက်ရောက်ကြကြောင်းသိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)