စစ်ကိုင်းတိုင်းဒေသကြီး (Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှု ကော်မတီ တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းဖွင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး (Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှု ကော်မတီ တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းဖွင့်



MNP  -   ဒီဇင်ဘာ ၂၀

စစ်ကိုင်းမြို့တွင် အိမ်ထောင်စုလူဦးရေးစာရင်း မြေပြင်ကွင်းဆင်းဆောင်ရွက်ခြင်းလုပ်ငန်း တိုင်းဒေသကြီးအဆင့် စာရင်းကောက်နည်းပြသင်တန်းဖွင့်ပွဲကို ယနေ့၊ နံနက်ပိုင်းက မြိုနယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

  အခမ်းအနားတွင် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဆင့်က နိုင်ငံတော်ရဲ့ ရှေ့လုပ်ငန်းစဉ်(၅)ရပ်အနက် နောက်ဆုံးလုပ်ငန်းစဉ်အရ လွတ်လပ်ပြီးတရားမျှတတဲ့ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးအနိုင်ရပါတီကို ဒီမိုကရေစီနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန် လွှဲပြောင်းနိုင်ရေးအတွက် အခြေခံမဲဆန္ဒရှင်စာရင်း မှန်ကန်စေရေးဟာ အလွန်အရေးကြီးတဲ့ ကဏ္ဍဖြစ်ကြောင်း၊ မှန်ကန်တဲ့မဲစာရင်းပြုစုနိုင်ရန်အတွက် မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးပြီး ရရှိလာသည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ လူဦးရေးစာရင်းကို အခြေခံပြီးမှန်ကန်တဲ့ မဲစာရင်းကို ဆောင်ရွက်မှာဖြစ်ကြောင်း၊ ဒီစီမံချက်ဟာ နိုင်ငံတစ်ဝှမ်းလုံး ဆောင်ရွက်ရမည့်နိုင်ငံတော် စီမံချက်ဖြစ်တဲ့အတွက် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီအား ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်း၍ (Working Group)ဖွဲ့စည်းဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ မြေပြင်ကွင်းဆင်း စစ်ဆေးကောက်ယူ တိုက်ဆိုင်စစ်ဆေးခြင်းဖြင့် မှတ်ကန်တဲ့မဲစာရင်း ပြုစုနိုင်ပြီး အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး အဓိကမဏ္ဍိုင်တစ်ခုဖြစ်တဲ့အတွက် ခရိုင်/မြို့နယ်အဆင့် ကြီးကြပ်မှုကော်မတီဝင်များ၊ သင်တန်းသာများအနေဖြင့် အလေးအနက်ထား သင်ကြားနာယူ မှတ်သားကြရန်နှင့် မရှင်းလင်းသည်များအား ပြန်လည်မေးမြန်း ဆွေးနွေးပေးကြစေလိုကြောင်း စသည်ဖြင့် ပြောကြားကာ သင်တန်းအား ဆက်လက်ပို့ချပေးခဲ့သည်။

  အဆိုပါသင်တန်းကို (၂)ရက်တာပို့ချပေးသွားမှာဖြစ်ပြီး သင်တန်းသို့ သက်ဆိုင်ရာ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


ဇော်မြင့်နိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)