သရက်မြို့၌ (Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းဆင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သရက်မြို့၌ (Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းဆင်းပွဲကျင်းပ



MNP  -  ဒီဇင်ဘာ ၂၂

မကွေးတိုင်းဒေသကြီး သရက်မြို့၌ (Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၂)နာရီက  မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။


အဆိုပါ သင်တန်းဆင်းပွဲတွင် ခရိုင် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ တွဲဖက် အတွင်းရေးမှူး ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးက အမှာ စကားပြောကြားရာမှာ ‌မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးလုပ်ငန်း စဉ်များမှာ  အဓိကကျတဲ့ လုပ်ငန်းစဉ်ဖြစ်၍ မြေပြင် မှာ မှန်မှန်ကန်ကန် စနစ်တကျ ကောက်ယူနိုင်ရန် သင်တန်းများ ဖွင့်လှစ် ဆောင်ရွက်သွားရန် လိုအပ်သည့်အတွက် နည်းပြသင်တန်း(၂)ရက်ပို့ချပေးခဲ့ပြီးဖြစ်ကြောင်းနှင့် ယခုသင်တန်းတွင် နည်းပြအဖြစ် သင်တန်းတက်ရောက်သူများက မြို့နယ်အဆင့်ဆင့် ပွားသင်တန်း ပြန်လည်ပို့ချရမည်ဖြစ်၍ သင်တန်းမှ ပို့ချမှုများကို စနစ်တကျ လေ့လာ သင်ယူကာ ပြန်လည်ပို့ချတတ်စေရန်  သင်တန်းသား များအား ဖွဲ့စည်းပုံနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ မြေပြင်မှာ အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ အခက်အခဲမရှိစေရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်နှင့် ပတ်သက်၍ သိသင့် သိထိုက်တဲ့အချက်များ ကောက်ယူရမည့် ပုံစံများကိုလည်း စာတွေ့လက်တွေ့ ပို့ချပေးခဲ့ပြီဖြစ် ကြောင်း လူဦးရေစာရင်း မြေပြင်ကွင်းဆင်း ကောက်ယူရေးလုပ်ငန်းကို နိုင်ငံတော်အကြီးအကဲများ၏ ရည်ရွယ်ချက် လမ်းညွှန်ချက်များနှင့်အညီ အကောင် အထည်ဖော် ဆောင်ရွက်သွားရန် လိုအပ်လျက်ရှိသဖြင့် သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းများနှင့် ချိတ်ဆက်စီမံပြီး စနစ်တကျ စုဖွဲ့ ဆောင်ရွက်သွားကြရန် လိုအပ်သည်ဟု ပြောကြားပေးခဲ့ကြောင်း သိရသည်။


ဇော်ထက်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)