မွန်ပြည်နယ်၀န်ကြီးချုပ်(Working Group) မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှု ကော်မတီပြည်နယ်အဆင့် နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

မွန်ပြည်နယ်၀န်ကြီးချုပ်(Working Group) မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှု ကော်မတီပြည်နယ်အဆင့် နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်


94

95


MNP  -   ဒီဇင်ဘာ  ၂၃

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင်  (Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီပြည်နယ်အဆင့် နည်းပြ သင်တန်းဖွင့်ပွဲအခမ်းအနားကိုအမှတ် ၆ အခြေခံပညာအထက်တန်းကျောင်း ရတနာမွန်ခန်းမ၌ ယမန်နေ့နံနက် ၉နာရီက မွန်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်လင်းထွန်း ပြည်နယ်အစိုးရ အဖွဲ့၀င် ၀န်ကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။


 အခမ်းအနားတွင် ပြည်နယ်မြေပြင် ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ပြည်နယ်၀န်ကြီးချုပ်က ဒီနေ့ဖွင့်လှစ်တဲ့သင်တန်းကတော့ မွန်ပြည်နယ်အတွင်း မြို့နယ်အလိုက် လူဦးရေစာရင်းမှန်ကန်ရန်အတွက် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးလုပ်ငန်းကို မြို့နယ် ကြီးကြပ်ရေးအဖွဲ့များအား နေပြည်တော် ဗဟိုအဆင့်သင်တန်း တက်ရောက်ခဲ့တဲ့ နည်းပြများမှ ပြန်လည်ပို့ချမယ့်သင်တန်းဘဲဖြစ်ပါတယ်“မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှု ဗဟိုကော်မတီ” ကိုဖွဲ့စည်းခဲ့ပြီး ဗဟိုကော်မတီအနေဖြင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူ ရေးကြီးကြပ်မှုကော်မတီများနှင့် မြေပြင် တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့ (Working Group)များကိုဖွဲ့စည်းပေးခဲ့ပြီးမြေပြင်ကွင်းဆင်း စာရင်းကောက်ရေး လုပ်ငန်းစဉ်ဟာ အဓိကကျတဲ့ လုပ်ငန်းစဉ်ဖြစ်တဲ့အတွက်ကြောင့် မှန်မှန်ကန်ကန် မြန်ဆန်စွာ စနစ်တကျကောက်ယူနိုင်ရေးအတွက် ဗဟိုအဆင့်၊ ပြည်နယ်အဆင့်၊ မြို့နယ်အဆင့်သင်တန်းများကို ဒီဇင်ဘာလအတွင်းမှာ ဆောင်ရွက်နေခြင်းဖြစ်ပြီး ဗဟိုအဆင့်သင်တန်းကို ဒီဇင်ဘာလ(၁၄)ရက်နှင့် (၁၅)ရက်နေ့များမှာလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ နေပြည်တော်မှာဖွင့်လှစ်ခဲ့ပြီး၊ ပြည်နယ်အဆင့် နည်းပြသင်တန်းကို ယနေ့တွင် ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း မြို့နယ်အဆင့် မြေပြင်ကွင်းဆင်း စာရင်းကောက်သင်တန်းများကို (၂၇.၁၂.၂၀၂၂) ရက်နေ့တွင် မြို့နယ်အလိုက် ဆက်လက် ဖွင့်လှစ်သွားမှာ ဖြစ်ပါကြောင်းမြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးလုပ်ငန်းတွင် မသန်စွမ်း(၅)မျိုး စာရင်းကိုလည်း ထည့်သွင်းကောက်ယူသွားမှာ ဖြစ်ပါကြောင်းမြေပြင် တစ်အိမ်တက်ဆင်း စာရင်းကောက်ယူခြင်းလုပ်ငန်းကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၉)ရက်နေ့မှ (၃၁)ရက်နေ့အထိ ကွင်းဆင်းကောက်ယူဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း မွန် ပြည်နယ်အနေဖြင့် မြေပြင်တစ်အိမ်တက်ဆင်း စာရင်း ကောက်ယူရေးအတွက် ခန့်မှန်းတွက်ချက် ကောက်ခံထားသည့် အိမ်ထောင်စုများကို ရက်ပေါင်း (၂၀) အတွင်း ပြီးစီးအောင် ကောက်ယူသွားမှာ ဖြစ်ပါကြောင်း မြေပြင်တစ်အိမ်တက်ဆင်း စာရင်းကောက်ယူရေးအဖွဲ့ (Working Group) တစ်ဖွဲ့လျင် စာရင်းကောက်ရက် ရက်ပေါင်း (၂၀) အတွင်း မြေပြင်တွင် အိမ်ထောင်စု (၅၀၀)ခန့် ကောက်ယူရန် ဖြစ်ပြီးစာရင်းကောက်ယူရေးအဖွဲ့ (၁၁၂၃) ဖွဲ့ဖြင့် ကောက်ယူသွားမှာ ဖြစ်ပါ‌ကြောင်းတစ်ဖွဲ့တွင် (၅)ဦး ဖွဲ့စည်းထား၍ စုစုပေါင်း ( ၅၆၁၅ )ဦး ကွင်းဆင်းကောက်ယူသွားမှာဖြစ်ပြီး၊ အဆိုပါသူများအတွက် နိုင်ငံတော်မှ နေ့တွက်စရိတ်နှင့် အခြားစရိတ်များ ထောက်ပံ့ပေးသွားမှာဖြစ်ပါ‌ကြောင်း သက်ဆိုင်ရာနယ်မြေအလိုက် မြေပြင်လူဦးရေကို တစ်နိုင်ငံလုံး ပြန်လည်စစ်ဆေးတဲ့လုပ်ငန်းဖြစ်လို့ နိုင်ငံတော်အတွက် အရေးကြီးတဲ့ လုပ်ငန်းဖြစ်သလို တက်ရောက်လာသောပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများလူမှုရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများအားလုံးရဲ့ ပူးပေါင်းပါဝင် လုပ်ဆောင်ရမယ့်လုပ်ငန်းလည်းဖြစ်ပါကြောင်း ပြည်နယ်အဆင့် နည်းပြသင်တန်းကိုတက်ရောက်လာသူတွေဟာ မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရမယ့် (Working Group)များကို မြေပြင်မှာ လက်တွေ့ ဆောင်ရွက်နိုင်ဖို့ အဆင့်ဆင့်သင်တန်း ပို့ချပေးသွားရမယ့် အဓိကတာဝန်ရှိသူများဖြစ်တာကြောင့် ယခုသင်တန်းမှ ပို့ချပေးလိုက်တဲ့ သင်ခန်းစာတွေကို စိတ်ပါဝင်စားစွာ မှတ်သားသင်ယူပြီး နိုင်ငံတော်နှင့်နိုင်ငံသားများအတွက် အရေးကြီးတဲ့လုပ်ငန်းစဉ်ကြီး ပြီးမြောက်အောင် ပံ့ပိုးကူညီ ကြိုးပမ်းဆောင်ရွက်သွားကြပါလို့ တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။


ထိုနောက် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီ တွဲဖက်အတွင်းရေးမှူး လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်နယ်ဦးစီးမှူး ဦးမြတ်သွင်က မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးသင်တန်းသင်တန်းဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းတင်ပြခဲ့ သည်။


အဆိုပါ (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီပြည်နယ်အဆင့်နည်းပြသင်တန်းကို (၂၂.၁၂.၂၀၂၂)ရက်နေ့မှ (၂၃.၁၂.၂၀၂၂)ရက်နေ့အထိ(၂) ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီးစုစုပေါင်း(၇၀)ဦး တက်ရောက်သွားမည်ဖြစ်ကြောင်းသိရသည်။


ခင်စန်းမြင့်

https://t.me/MyanmarNationalPos

No comments:

Post a Comment

Donate and Support

Pages