တောင်ကုတ်မြို့နယ်၌ (Working Group)မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ၏ အိမ်ထောင်စုလူဦးရေစာရင်းကောက်ယူခြင်းလုပ်ငန်း သင်တန်းဖွင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့နယ်၌ (Working Group)မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ၏ အိမ်ထောင်စုလူဦးရေစာရင်းကောက်ယူခြင်းလုပ်ငန်း သင်တန်းဖွင့်






MNP  -  ဒီဇင်ဘာ ၂၇

ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့နယ်၌ မြို့နယ်(Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ ၏ အိမ်ထောင်စုလူဦးရေစာရင်း မြေပြင် ကွင်းဆင်း စာရင်းကောက်ယူခြင်းလုပ်ငန်း မြို့နယ်အဆင့် စာရင်းကောက်ခြင်းသင်တန်း ဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက် ၉ နာရီခွဲ အချိန်က မြို့နယ်ခန်းမ၌ကျင်းပသည်။


အခမ်းအနားတွင် ခရိုင်(Working Group)မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီ ဥက္ကဌ ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ ဥက္ကဌ ဦးကျော်မြင့်လှိုင် ကအမှာစကားပြောကြားပြီးနောက် မြို့နယ်( Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ ၊ အတွင်းရေးမှူး ၊ လူဝင်ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ၊ မြို့နယ်ဦးစီးမှူး  ဦးအောင်ကျော်မိုး ကသင်တန်းဖွင့်လှစ် ရသည့်ရည်ရွယ်ချက်များကိုရှင်းလင်းတင်ပြသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်‌ရေးအဖွဲ့ ဥက္ကဌ နှင့်အဖွဲ့ဝင်များက အခမ်းအနားသို့တက်ရောက်လာကြသည့် ခရိုင် ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊သင်တန်း နည်းပြများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။


အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင်နှင့်အဖွဲ့ဝင် များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုး နှင့်အဖွဲ့ဝင်များ ၊ ခရိုင် ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ များ ၊ လူမှုရေးအသင်းအဖွဲ့များနှင့် သင်တန်းသား၊သင်တန်းသူ(၂၀၀)ဦးတက်ရောက်ခဲ့ကြကြောင်းနှင့် မြို့နယ် အတွင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့မှ စာရင်းကောက်ယူခြင်းကို ၂၀၂၃-ခုနှစ်၊ဇန်နဝါရီ(၉) ရက် နေ့မှစတင်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)