စဉ့်ကူးမြို့တွင် (Working Group) မြို့နယ်အဆင့် မြေပြင်ကွင်းဆင်း စာရင်းကောက် သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကူးမြို့တွင် (Working Group) မြို့နယ်အဆင့် မြေပြင်ကွင်းဆင်း စာရင်းကောက် သင်တန်းဖွင့်လှစ်



MNP -  ဒီဇင်ဘာ    ၂၇

စဉ့်ကူးမြို့နယ်တွင် နိုင်ငံသားကိုယ်ရေးအချက်အလက်နှင့် လူဦးရေစာရင်းများ မှန်ကန်စေရေးအတွက် မြို့နယ်(Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ မြို့နယ်အဆင့် မြေပြင်ကွင်းဆင်း စာရင်းကောက်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် မြို့နယ်အဆင့် မြေပြင်ကွင်းဆင်း ကောက်ယူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းကျော်နိုင် က  သင်တန်းဖွင့့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်အဆင့် မြေပြင်ကွင်းဆင်း ကောက်ယူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင် ဗိုလ်မှူးသော်တာထွန်း က လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအားရှင်းလင်းပြောကြားကာ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ စဉ့်ကူးမြို့နယ်ဦးစီးမှူး ဦးရွှေဝင်း က မြေပြင်ကွင်းဆင်းကောက်ယူရခြင်း လုပ်ငန်းရည်ရွယ်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။


အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် မြေပြင်ကွင်းဆင်း ကောက်ယူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုရှိ မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့ (Working Group) အဖွဲ့ဝင်များ၊ စုစုပေါင်း အင်အား (၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။


အဆိုပါသင်တန်းတွင် စဉ့်ကူးမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများအလိုက် လူဦးရေ စာရင်းမှန်ကန်စေရန် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး (Working Group)များ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ စာရင်းကောက်လက်စွဲစာစောင်ပါ အကြောင်းအရာများ၊ ကျင့်ဝတ်များ၊ အိမ်ထောင်စုစာရင်းရေးသွင်းခြင်းနှင့် စာရင်းကောက်များ သိထားသင့်သည့်အချက်များ၊ စာရင်း ကောက်ယူပြီး စာရင်းချုပ်ပြုစုခြင်းနှင့် မသန်စွမ်း(၅)မျိုးအား စာရင်းကောက်ယူမှု နည်းစနစ်များ၊ ယာယီနေထိုင်သူများအား စာရင်းကောက်ယူခြင်းဆိုင်ရာများ၊ ပြောင်းဝင်/ ပြောင်းထွက်/ သေဆုံးသူ များနှင့်စပ်လျဉ်းသည့် မှတ်ချက်ပေးပြီး (update) ပြုလုပ်ခြင်းဆိုင်ရာများ၊ အိမ်ထောင်စုအတွင်း နိုင်ငံသားကတ်ပြားအမှတ်များ ပြန်လည်ဖြည့်သွင်းခြင်းဆိုင်ရာများ၊ အိမ်ထောင်စု(၁)ခုထက်ပို၍ ကိုင်ဆောင်ထားသူများနှင့် အိမ်ထောင်စုအလိုက် ထပ်နေသူများအား နိုင်-၄ Server မှ ပြန်လည်ရှာဖွေ ဖြည့်သွင်းခြင်းဆိုင်ရာများ စသည့်သင်ခန်းစာများအား သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းကို ဒီဇင်ဘာလ (၂၇) ရက်နေ့မှ ဒီဇင်ဘာလ (၂၈)ရက်နေ့အထိ (၂)ရက်ကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။


တင်ဇာလွင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)