ဂွမြို့နယ်တွင် Working Group မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ မြို့နယ်အဆင့်စာရင်းကောက်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်တွင် Working Group မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ မြို့နယ်အဆင့်စာရင်းကောက်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ






MNP -   ဒီဇင်ဘာ    ၂၉ 

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် Working Group မြေပြင်ကွင်းဆင်း စာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီ မြို့နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်းကောက်သင်တန်းဖွင့်ပွဲ အခမ်းအနားကိုယနေ့ နံနက်(၉)နာရီခွဲ အချိန်က ဂွမြို့ အခြေခံပညာအထက်တန်းကျောင်း ပညာရတနာ ခန်းမ၌ ကျင်းပပြုလုပ်သည်။


အခမ်းအနားတွင် မြို့နယ် Working Group မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီး ကြပ်မှုကော်မတီဥက္ကဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဇာနည်ကျော်က အမှာစကားပြောကြား ရာ၌ လူဦးရေစာရင်းမှန်ကန်ရေး၊ အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးလုပ်ငန်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဥ်(၅)ရပ်အနက်မှ  နောက်ဆုံးလုပ်ငန်းစဥ် ဖြစ်သည့်အတွက် အရေးကြီးလုပ်ငန်းအဖြစ် ခံယူပြီး ပူးပေါင်း ဆောင်ရွက်ကြရန်မှာ ကြားသည်။ ထို့နောက် မြို့နယ် Working Group  မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှု ကော်မတီအတွင်းရေးမှူး မြို့နယ် လဝက ဦးစီးအရာရှိ ဦးခင်မောင်ရီက လူဦးရေစာရင်း မှန်ကန် စေရေး၊ မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးရန်အတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု၊ ကျေးရွာများတွင် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ Working Group ဖွဲ့ စည်းထားပြီးဖြစ်ရာ အဖွဲ့၏လုပ်ဆောင်ရမည့်အချက်များအား ပြောကြားခဲ့ပြီး သင်တန်းသား များအနေဖြင့် သင်ကြားမှုအပေါ် အလေးထားသင်ယူကြရန်ပြောကြားသည်။


အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ကြီးကြပ်ရေးကော်မတီများ၊ ရပ်ကွက်/ကျေးရွာ(၃၉) အုပ်စုမှ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်း များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)