မြောက်ဦးမြို့၌ (Working Group) မြေမြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှု ကော် မတီ၏အိမ်ထောင်စုလူဦးရေမြေပြင်ကွင်းဆင်းစာရင်းကောက်သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့၌ (Working Group) မြေမြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှု ကော် မတီ၏အိမ်ထောင်စုလူဦးရေမြေပြင်ကွင်းဆင်းစာရင်းကောက်သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ




MNP -  ဒီဇင်ဘာ ၂၇ 

ရခိုင်ပြည်နယ် ၊ မြောက်ဦးခရိုင် ၊ မြောက်ဦးမြို့၌ (Working Group) မြေမြင်ကွင်းဆင်း စာရင်း ကောက်ယူရေးကြီးကြပ်မှု ကော် မတီ၏အိမ်ထောင်စုလူဦး ရေမြေပြင်ကွင်း ဆင်းစာရင်း ကောက်သင်တန်းဖွင့်ပွဲအခမ်းအနား ကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က ထမ္မရာဇ်ရပ်ကွက် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဟောင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။


ထို့နောက် အခမ်းအနားတွင် မြို့နယ် (Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ ဥက္ကဌ ၊ မြို့နယ်စီမံအုပ်ချုပ်ရေး ဥက္ကဌ ဦးစိုးစိုးသက် မှ အဖွင့်အမှာ စကားပြော ကြားခဲ့သည်။ မြို့နယ် (Working Group ) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးရဲထွန်းက  လူဦးရေးစာရင်းမှန်ကန်စေရေး ၊ မြေပြင်ကွင်းဆင်းတိုက် ဆိုင်စစ်ဆေး ရန်အတွက် မြို့နယ် ရပ်ကွက် /ကျေးရွာအုပ်စုများတွင် မြေပြင်ကွင်းဆင်းစောရင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီနှင့် မြေပြင်ကွင်းဆင်းကောက်ယူရေးအဖွဲ့ မြို့နယ် (Working Group) ကို ဖွဲ့စည်းပြီးဖြစ်ရာ အဆိုပါအဖွဲ့၏ ဆောင်ရွက်ရမည့်ကိစ္စရပ်နှင့်ပတ်သက်၍ အသေးစိတ်ပြောကြားပြီး မြို့နယ်အဆင့်မြေပြင်ကွင်းဆင်းစာရင်းကောက်သင်တန်း.သား များအနေဖြင့် သင်ကြားပို့ချမှုအပေါ်အ လေး ထား သင်ယူကြရန် စသည်တို့ကို  ရှင်းလင်းပြောကြားခဲ့သည်။ 


ဆက်လက်၍ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစိုးစိုးသက်နှင့် အဖွဲ့ဝင်များ ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ လူမှုရေးအသင်းအဖွဲ့များ နှင့် သင်တန်းသား များ တက်ရောက်ကြပြီး မြောက်ဦးမြို့နယ်အတွင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်းကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့မှ စတင်၍ စာရင်းများကွင်းဆင်းကောက်ခံ သွားမည်ဖြစ်ကြောင်း သိရသည်။


မြင့်စိုး ၊ စိုးငြိမ်းနိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)