ရမ်းဗြဲမြို့၌ မြို့နယ်(Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်‌မှုကော်မတီ မြို့နယ်အဆင့် စာရင်းကောက်သင်တန်းဖွင့်လှစ်ပို့ချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမ်းဗြဲမြို့၌ မြို့နယ်(Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်‌မှုကော်မတီ မြို့နယ်အဆင့် စာရင်းကောက်သင်တန်းဖွင့်လှစ်ပို့ချ





MNP   -     ဒီဇင်ဘာ  ၂၈

        ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ မြို့နယ်(Working Group) မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီ  မြို့နယ်အဆင့် စာရင်းကောက်သင်တန်းဖွင့်ပွဲအခမ်းအနား ကို ယနေ့ နံနက်(၉)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ရမ္မဝတီခန်းမ၌ ကျင်းပပြုလုပ်သည်။ 


ရှေးဦးစွာ ရမ်းဗြဲမြို့နယ်(Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးခင်မောင်သန်းက လူဦးရေစာရင်းမှန်ကန်မှုရှိ စေရေးအတွက် မြေပြင်ကွင်းဆင်းကောက်ယူနိုင်ရေးနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားရာမြေပြင်စာရင်းကောက်ယူရေးလုပ်ငန်းကို ၂၀၂၃ ခု ဇန်နဝါရီ ၉ ရက်နေ့မှစ၍ကောက်ယူရမှာဖြစ်ပြီး ကောက်ယူမည့်ရက်မှာ တိုတောင်းသည့်အတွက်အမှားမဖြစ်ရအောင်အထူးသတိထားဂရုစိုက်ပြီးကောက်ယူကြရန်မှာကြားပေးသည်၊ ဆက်လက်ပြီး ခရိုင်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ အတွင်း‌ရေးမှူး လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ကေသီဝမ်က မြေပြင်စာရင်းမှန်ကန် စေရေးအတွက် ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် (Working Group) ကြီးကြပ်မှုကော်မတီအဆင့်ဆင့် ဖွဲ့စည်းထားရှိပြီး လုပ်ငန်းတာဝန်များချထား ကြောင်း၊ မြေပြင်စာရင်းမှန်ကန်မှုရှိမှသာလျှင်ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များမှာ လည်း အဆင်ပြေချောမွေ့မည်ဖြစ်ကြောင်း၊  တစ်အိမ်တက်ဆင်း  မြေပြင်ကွင်းဆင်းကောက်ယူ ရေးအဖွဲ့များမှ မှတ်ပုံတင်၊ အိမိထောင်စုစာရင်းများနှင့်တိုက်ဆိုင်စစ် ဆေးဖို့လိုအပ်‌ေကြာင်းလူဦး‌‌ေရစာရင်း‌‌ေကာက်ယူ‌ေရးလုပ်ငန်းဖြစ်သဖြင့် အထူးအရေးကြီးလုပ်ငန်းအဖြစ်ခံယူ၍ အဖွဲဝင်များမှလည်းပူပေါင်းပါဝင်ဆောင်ရွက်ပေးကြပါစေ လိုကြောင်း ပြောကြားသည်။ 


ယင်းနောက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့ ခရိုင်အတွင်းရေးမှူး ဒေါ်ကေသီဝမ်၊ ရမ်းဗြဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များက မြေပြင်စာရင်းကောက်ယူ‌ေရးပုံစံများအား (WorkingGroup)မြေပြင်စာရင်းကောက်ယူရေးအဖွဲ့ခေါင်းဆောင်များသို့ပေးအပ်ကြသည်။


အဆိုပါ မြေပြင်ကွင်းဆင်းကောက်ယူရေး မြို့နယ်အဆင့်စာရင်းကောက်သင်တန်းဖွင့်ပွဲ အခမ်းအနားသို့  မြို့နယ် (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီး

အကဲများနှင့် သင်တန်းသား၊သင်တန်းသူ (၂၅၀ )ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။


အောင်နိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)