အမ်းမြို့နယ်တွင် လူဦးရေစာရင်းမှန်ကန်စေရေး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့ (Working Group)၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

အမ်းမြို့နယ်တွင် လူဦးရေစာရင်းမှန်ကန်စေရေး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့ (Working Group)၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်


44

45

46


MNP   -    ဒီဇင်ဘာ  ၂၄ 

     ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် လူဦးရေစာရင်းမှန်ကန်စေရေး  မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့ (Working Group) မြေပြင်တိုက်ဆိုင်စစ်ဆေးရန်အတွက်  ဌာဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်  ၁၀ နာရီ အချိန်က မြို့နယ် အထွေထွေအုပ် ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။


အစည်းအဝေးတွင်  မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က လူဦးရေစာရင်းမှန်ကန်စေရေး မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးရန်အတွက်  မြို့နယ် ရပ်ကွက်/ ကျေးရွာအုပ်စုများတွင် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီများနှင့် မြေပြင်တစ်အိမ်တက်ဆင်းကောက်ယူရေးအဖွဲ့  အမ်းမြို့နယ် (Working Group)ကို ဖွဲ့စည်းထားရှိပြီးဖြစ်ရာ အဆိုပါအဖွဲ့၏ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် ပတ်သက်၍ အသေးစိတ် ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ  မြို့နယ်ဦးစီးမှူးဦးကျော်မင်းထွန်းက ရပ်ကွက်/ကျေးရွာအုပ်စု၊ မြေပြင်တစ်အိမ်တက်ဆင်း ကောက်ယူရေးအဖွဲ့ (Working Group) မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို ဒီဇင်ဘာ (၂၇)ရက်နေ့တွင် ရွေအမ်းတောင်ခန့်မ၌သင်တန်းပို့ချသွားမည်ဖြစ်ပါကြောင်း၊ အုပ်စုအုပ် ချုပ်ရေးမှူး စာရေးဝန် ထမ်းအပါအဝင်(၄)ဦး တက်ရမည်ဖြစ်ပါကြောင်း၊ မြို့နယ်(Working Group) ကြီးကြပ်မှုကော်မတီအနေဖြင့် မြေပြင်စာရင်းများမှန်ကန်ရေးအတွက် လုပ်ငန်းတာဝန်များ၊ စာရင်းကောက်ယူပြီးစီး၍ စိစစ်ပြီးစီးသော  အိမ်ထောင်စုစာရင်းများအား မြို့နယ်လဝကသို့ လွှဲပြောင်း၍ e-ID ဆိုင်ရာလုပ်ငန်းများကို  အသေးစိတ်ဆက် လက် ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။


ထို့နောက်မြို့နယ်ပြည်နယ်အဆင့် မြေပြင်လူဦးရေစာရင်းကောက်ယူရေးဆင့်ပွားနည်းပညာသင်တန်းတက်ရောက်ခဲ့သော မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးခင်မောင်ဝင်း ဒုမြို့နယ်အုပ်ချုပ်ရေးဦးရွှေအေး ကသက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့ နယ်အုပ်ချုပ်ရေးမှူးက   ပေါင်းစပ်ညှိနှိုင်း  ဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။ 


စိုးမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages