ပေါင်မြို့နယ်တွင် ( Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ မြို့နယ်အဆင့်မြေပြင်ကွင်းဆင်းစာရင်းကောက်သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် ( Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ မြို့နယ်အဆင့်မြေပြင်ကွင်းဆင်းစာရင်းကောက်သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ




MNP -  ဒီဇင်ဘာ ၂၇

ပေါင်မြို့နယ်တွင် ( Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ မြို့နယ်အဆင့်မြေပြင်ကွင်းဆင်းစာရင်းကောက်သင်တန်းဖွင့်ပွဲ အခမ်းအနားကိုယ‌နေ့နံနက်ပိုင်းက ဝါရီရူခန်းမ၌ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။


အခမ်းအနားတွင် မြို့နယ်စီမံကောင်စီ ဥက္ကဌ ဦးထင်လင်းအောင် က မြေပြင်တစ်အိမ်တက်ဆင်း ကောက်ယူရေးလုပ်ငန်းကို ပြည်နယ်အဆင့် သင်တန်းတက်ရောက်ခဲ့တဲ့နည်းပြများက ပြန်လည်ပို့ချမဲ့သင်တန်းဖြစ်တဲ့အတွက် စာရင်းများစနစ်တကျကောက်ယူမှုများကိုသက်ဆိုင်ရာတာဝန်ရှိသူများက အလေးထားပြီးစနစ်တကျ ဆောင်ရွက်ထားကြရန်၊ လိုအပ်သောအထောက်အထားများကိုစနစ်တကျ ကိုင်တွယ်ပြီး စာရင်းများ မှန်ကန်မှုရှိစေရေးဆောင်ရွက်ကြရန် လိုအပ်ပါကြောင်းအမှာစကားပြောကြားသည်။


အခမ်းအနားသို့ မြို့နယ်စီမံကောင်စီအဖွဲ့ဝင်များ ၊ဌာနဆိုင်ရာများ၊ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊စာရေးများမြေပြင်စာရင်းကောက်ယူရန်တက်ရောက်လာကြသောသင်တန်းသား/သူများ  တက်ရောက်ကြသည်။တဆက်တည်းမှာပင် သင်တန်းကို ဝါရီရူခန်းမ၊ မြို့နယ်ခန်းမ၊(အထက )ပေါင် ရွှေရတုခန်းမ  စသည့် စုရပ် သုံးခုခွဲ၍ သင်ကြားပြသဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)