ကျောက်ဖြူမြို့တွင် မြို့နယ်(Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်‌မှုကော်မတီ မြို့နယ်အဆင့် စာရင်းကောက်သင်တန်းဖွင့်လှစ်ပို့ချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့တွင် မြို့နယ်(Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်‌မှုကော်မတီ မြို့နယ်အဆင့် စာရင်းကောက်သင်တန်းဖွင့်လှစ်ပို့ချ





MNP  -  ဒီဇင်ဘာ  ၂၇

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် မြို့နယ်(Working Group) မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီ  မြို့နယ်အဆင့် စာရင်းကောက်သင်တန်းဖွင့်ပွဲအခမ်းအနား ကို ယနေ့ နံနက်(၉)နာရီ(၃၀)အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ 


ရှေးဦးစွာ ကျောက်ဖြူခရိုင်(Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဉက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲလင်းမောင်က လူဦးရေစာရင်းမှန်ကန်မှုရှိ စေရေးအတွက် မြေပြင်ကွင်းဆင်းကောက်ယူနိုင်ရေးနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြား ပြီး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ အတွင်း‌ရေးမှူး လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ကေသီဝမ်က မြေပြင်စာရင်းမှန်ကန် စေရေးအတွက် ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် (Working Group) ကြီးကြပ်မှုကော်မတီအဆင့်ဆင့် ဖွဲ့စည်းထားရှိပြီး လုပ်ငန်းတာဝန်များချမှတ်ပေးထားပြီးဖြစ် ကြောင်း၊ မြေပြင်စာရင်းမှန်ကန်မှုရှိမှသာလျှင် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များမှာ လည်း အဆင်ပြေချောမွေ့မည်ဖြစ်ကြောင်း၊  တစ်အိမ်တက်ဆင်း  မြေပြင်ကွင်းဆင်းကောက်ယူ ရေးအဖွဲ့များမှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့မှစတင်၍ ဇန်နဝါရီလကုန်အထိ ကွင်းဆင်း ကောက်ယူသွားမှာဖြစ်ပါကြောင်း၊ ရှေ့လုပ်ငန်းစဉ် ၅ ရပ်အနက်မှ အဓိကကျသော ပါတီစုံဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်သော လုပ်ငန်းဖြစ်သဖြင့် အထူးအရေးကြီးလုပ်ငန်းအဖြစ်ခံယူ၍ ပူပေါင်းပါဝင်ဆောင်ရွက်ပေးကြပါစေ လိုကြောင်း ပြောကြားသည်။ 


ယင်းနောက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး မြို့နယ်(Working Group)ဉက္ကဋ္ဌမှ သင်တန်းဖွင့်လှစ်ခြင်း၊ ဖွဲ့စည်းခြင်း၊ တာဝန်ပေးအပ်ခြင်းနှင့် စာရင်းကောက်ကျင့်ဝတ်များအား ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများမှ သင်တန်းသား၊ သင်တန်းသူများကို သင်ခန်းစာများ အား စာတွေ့၊လက်တွေ့ ဆွေးနွေးပို့ချပြသပေးခဲ့သည်။ 


အဆိုပါ မြေပြင်ကွင်းဆင်းကောက်ယူရေး မြို့နယ်အဆင့်စာရင်းကောက်သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ခရိုင်/ မြို့နယ် (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကော်မတီဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် သင်တန်းသား၊သင်တန်းသူ (၁၃၃)ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။


တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)