ဘူးသီးတောင်မြို့၌ WY/R စာတမ်းပါ စိတ်ကြွမှုးယစ်ဆေးဝါးများ ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘူးသီးတောင်မြို့၌ WY/R စာတမ်းပါ စိတ်ကြွမှုးယစ်ဆေးဝါးများ ဖမ်းဆီးရမိ



MNP ၊ ဒီဇင်ဘာ ၈

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို၌ WY/Rစာတမ်းပါစိတ်ကြွမှုးယစ်ဆေးဝါးများ ရောင်းချနေကြောင်းသတင်းအရ ယနေ့နံနက် ၁နာရီအချိန်က ဘူးသီးတောင်မြို့မြို့မရဲစခန်းမှူး ဒုရဲမှူးကျော်စိုးဦးစီး၍ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ မူးယစ်ဆေးဝါးဝင်ရောက်ရှာဖွေ ဖမ်းဆီးခွင့် ဝရမ်းအမှတ်(၈/၂၀၂၂)ဖြင့် အမှတ်(၅)ရပ်ကွက်နေသူ (ဘ)မာမောက်နုရ်မာန်၏ သားဖြစ်သူ ဂျာဘူလာဟာဆောင်းအိမ်သို့ သွားရောက်စစ်ဆေးရာ ၎င်း၏ရှေ့၌ အသေးစိတ်ရှာဖွေမှုများပြုလုပ်ခဲ့ရာ အိမ်အိပ်ခန်းအတွင်းရှိ Shutaတံဆိပ်ပါ(အနက်ရောင်) ရှူးဖိနပ်အတွင်း အပြာရောင် ကပ်ခွာပလစ်တစ်အိတ်ဖြင့် ထည့်ထားသည့်WY/Rစာတမ်းပါ စိတ်ကြွမှုးယစ်ဆေး ဝါး(၁၀၀)ပြားပါတစ်ထုတ်၊ အလေးချိန် (၁၀)ဂရမ် ကာလတန်ဖိုး(၂၀၀၀၀၀)နှစ်သိန်းကျပ်အား ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါမူးယစ်ဆေးဝါးဖမ်းဆီးရမိသူ ဂျာဘူလာဟာဆောင်းအား မေးမြန်းရာ ၎င်းစိတ်ကြွဆေးပြားများမှ ာမိမိကိုယ်တိုင်သုံးစွဲရန်နှင့် တဆင့်ပြန်လည်ရောင်းချရန်အတွက် ဘူးသီးတောင်မြို့နယ် စိမ်းညင်းပြားကျေးရွာမှ အမည်မသိ မွတ်ဆလင်လူမျိုး( ၄၀)နှစ်ခန့်ရှိသူထံမှ ဝယ်ယူခဲ့ကြောင်းပြောသည်။

ဖြစ်စဉ်နှင့်ပတ်သတ်၍ မူးယစ်ဆေးဝါးများကို သုံးစွဲရန်နှင့်ရောင်းချရန်အလို့ငှာ လက်ဝယ်ထားရှိသူ ဂျာဘူလာဟာဆောင်းအား ဥပဒေအရအရေးယူပေးပါရန် မူး/စိတ်ပုဒ်မ-၁၉(က)ဖြင့် အမှုဖွင့်လှစ်ပြီး အမှုမှတရားခံ ဂျာဘူလာဟာဆောင်းအား ဖမ်းဆီးကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


လှကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)