ဂျပန်နိုင်ငံသို့သွားရောက်အလုပ်လုပ်ကိုင်လိုသူများနှင့် ကျောင်းတက်ရောက်လိုသူများအတွက် "ZA Training & Japanese Language Centre (Pathein Branch)"ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂျပန်နိုင်ငံသို့သွားရောက်အလုပ်လုပ်ကိုင်လိုသူများနှင့် ကျောင်းတက်ရောက်လိုသူများအတွက် "ZA Training & Japanese Language Centre (Pathein Branch)"ဖွင့်လှစ်



MNP - ဒီဇင်ဘာ   ၁၈


မြန်မာပြည်မှဂျပန်နိုင်ငံသို့သွားရောက်အလုပ်လုပ် ကိုင်လိုသူများနှင့်ကျောင်းတက်ရောက်လိုသူ များအတွက်   "ZA Training & Japanese Language Centre (Pathein Branch)" ဖွင့်ပွဲအခမ်း အနားကို ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းရှိ SHEKINAH Hotel တွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် "ZA Training & Japanese Language Centre (Pathein )" တည်ထောင်သူ ကျောင်းအုပ်ဆရာ ဦးဖြိုးသူဟန်မှ အဖွင့်အမှာစကားပြောကြားပြီး၊ Training &Japanese  Language Centre(Main Campus Yangon) ကျောင်းအုပ်ကြီး ဦးအေးကိုကိုမှ"ZA Training"ကျောင်းပေါ်ပေါက်ခဲ့ခြင်း နှင့်ပတ်သက်၍ မိတ်ဆက်ရှင်းလင်းပြောကြားသည်။ ထို့နောက် Ohio Japanese Language Centre မှ ကျောင်းအုပ်ကြီးဒေါ်သူဇာဝင်းသူက ပညာရေးနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားပြီး မြန်မာ-ဂျပန် (SEDA)အသင်း တာဝန်ရှိသူများမှ ဂျပန်နိုင်ငံရှိ အလုပ်အကိုင်အခွင့်အလမ်းများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားကာ သွားရောက် အလုပ်လုပ်ကိုင်လိုသူများ၏ မေးမြန်းမှုများကို ပြန်လည်ရှင်းလင်းပြောကြား ခဲ့ကြသည်။ "ZA Training & Japanese Language Centre (Pathein )"တည်ထောင်သူ ကျောင်းအုပ်ဆရာ ဦးဖြိုးသူဟန်မှ အခမ်းအနားတက်ရောက်လာကြသည့် ဂျပန်နိုင်ငံသို့ သွားရောက် အလုပ်လုပ် ကိုင်လိုသူများနှင့် မိဘများအား သွားရောက်ခဲ့စဉ်အချိန်က တွေ့ကြုံခဲ့ရသည့် အကြောင်း အရာများနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


သတင်း - မြင့်ဟန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)