ALP မှ စစ်ဦးစီချုပ်ပါ (၃) ဦးကို AA မှ လုပ်ကြံသတ်ဖြတ်ခြင်းသည် ရခိုင်အမျိုးသားအချင်းချင်းကြား လူသားမဆန်သော လုပ်ရပ်ဟု ALP ထုတ်ပြန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ALP မှ စစ်ဦးစီချုပ်ပါ (၃) ဦးကို AA မှ လုပ်ကြံသတ်ဖြတ်ခြင်းသည် ရခိုင်အမျိုးသားအချင်းချင်းကြား လူသားမဆန်သော လုပ်ရပ်ဟု ALP ထုတ်ပြန်




MNP ၊ ဇန်နဝါရီ ၅

ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) မှ စစ်ဦးစီးချုပ်အပါအဝင် (၃) ဦးကို ရက္ခိုင့်အမျိုးသားအဖွဲချုပ် ULA/AA က လုပ်ကြံသတ်ဖြတ်လိုက်ခြင်းသည် ရခိုင်အမျိုးသားအချင်းချင်းကြား လူသားမဆန်သော လုပ်ရပ်ဖြစ်ကြောင်း ALP မှ ထုတ်ပြန်လိုက်သည်။


ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စောမြ၊ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ခိုင် ကျော်စိုး ဗိုလ်ကြီး ခိုင်သူရိန္ဒတို ဇန်နဝါရီ ၄ ရက်နေ့ နံနက် ၈ နာရီတွင် စစ်တွေမြို၊ စက်ရုံစုရပ်ကွက် ၁၃ ရှိ ဆီတန်းရှေ့ ငါးစင်ရိုင်းချောင်း ကျောင်းအနီးတွင် လုပ်ကြံသတ်ဖြတ်ခံ၍ ၃ ဦးလုံး သေနတ်ဒဏ်ရာများဖြင့် သေဆုံးခဲ့ရကြောင်း၊ ဗိုလ်ချုပ်ခိုင်စောမြနှင့် တပ်မှူးနှစ်ဦးအား ULA/ AA ရခိုင်အမျိုးသားအချင်းချင်းကြား လူသားမဆန် အကြမ်းဖက် လုပ်ကြံခြင်းသည် ရခိုင်တစ်မျိုးသားလုံးစည်းလုံးညီညွတ်ရေးကို ထိခိုက်ပျက်စီးစေသည်သာမက ရခိုင်ပြည်သူ များကို တုန်လှုပ်ချောက်ခြားစေသည့်အတွက် ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချလိုက်ကြောင်း ALP မှ ထုတ် ပြန်ထားသည်။ 


AA သည် ALP မှ ခေါင်းဆောင်များ ပါတီဝင်များနှင့် တပ်ဖွဲဝင်များအား ဖမ်းဆီးနှိက်စက်ခြင်း၊ သတ်ဖြတ်ခြင်းနှင့် ရခိုင်နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များကို ဖမ်းဆီးခြင်း၊ အပြစ်မဲ့ ရဟန်းသံဃာတော်များနှင့် ပြည်သူများကိုပါ မချန် ဥပဒေမဲ့  ဖမ်းဆီးနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများကို ဆက်တိုက်ပြုလုပ်လာမှုအတွက် တရားမျှတမှုရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ALP မှ ထုတ်ပြန်ထားသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)