ကမမောင်းမြို့၌ ကိုဗစ်-၁၉ အိုမီခရွန်မျိုးကွဲ B.4,B.5, ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေး အသိပညာပေးနှိုးဆော်မှုများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကမမောင်းမြို့၌ ကိုဗစ်-၁၉ အိုမီခရွန်မျိုးကွဲ B.4,B.5, ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေး အသိပညာပေးနှိုးဆော်မှုများဆောင်ရွက်


MNP   -   ဇန်နဝါရီ ၂၆

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက် ၉နာရီအချိန်က ကမမောင်းမြို့ အမှတ် ၂  ရပ်ကွက်၌ ပြည်သူများအား ကိုဗစ်-၁၉အိုမီခရွန်မျိုးကွဲ B.4,B.5, ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေး အသိပညာပေး နှိုးဆော်မှုများဆောင်ရွက်ခဲ့သည်။


ထိုသို့ အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ရာတွင်ပြည်သူများအနေဖြင့်  တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေကြရန်၊ ပါးစပ်နှင့်နှာခေါင်းစည်းတပ်ဆင်ကြရန်၊ ချောင်းဆိုးနှာချေလျှင်  တံတောင်ဆစ်ကွေးနှင့်အုပ်၍    ဆိုးကြရန်၊မိမိတို့၏  နေအိမ်ပြတင်းပေါက်များကို ဖွင့်ထားကြရန်၊ လက်ကိုစက္ကန့်(၂၀) ကြာဆေးကြောရန်၊ တက်နိုင်သမျှ အိမ်မှာနေထိုင်ကြရန်၊ လူစုလူဝေး ရှောင်ရှားကြရန်၊ မိမိကိုယ်မိမိ သံသယလက္ခဏာခံစားရလျှင် နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်ကြရန်၊ ကိုဗစ်-၁၉ရောဂါကူးစက်မှုကွင်းဆက်ဖြတ်တောက်နိုင်စေရေးအတွက်ကာကွယ် ဆေးထိုးနှံမှုများကို အကြိမ်ပြည့်မပျက်မကွက် ခံယူကြရန်စသည့် အသိပညာပေးနှိုးဆော်မှုများဆောင်ရွက်ခဲ့ကြောင်း သိရသည်။


တင်တင်လှ

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)