နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အကျိုးတော်ဆောင် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒိမာဘိဝံသ၏ နှစ်သစ်ကူးဩဝါဒကထာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အကျိုးတော်ဆောင် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒိမာဘိဝံသ၏ နှစ်သစ်ကူးဩဝါဒကထာ


MNP 

လေးဖြာသင်္ဂဟ မြတ်ဓမ္မ နိစ္စအမြဲ စိတ်ဝယ်စွဲ


ယနေ့သည် ခရစ်နှစ် ၂၀၂၂-ခုနှစ်ဟု ဆိုအပ်သော နှစ်ဟောင်းကုန်ဆုံး၍ ၂၀၂၃-ခုနှစ်သို့ ရောက်ရှိသည့် ကမ္ဘာ့နှစ်သစ်ဦး မင်္ဂလာရှိသော နေ့ထူးနေ့မြတ်ဖြစ်ပါသည်။ ယခုလို ကမ္ဘာ့နှစ်သစ်မင်္ဂလာကို နေ့ထူးနေ့မြတ်မှစ၍ နိုင်ငံသူ၊ နိုင်ငံသားများနှင့် ကမ္ဘာသူ၊ ကမ္ဘာသားအားလုံး ဘေးဥပါဒ်အန္တရာယ် ရန်စွယ် ဟူသမျှ၊ အနှောင့်အယှက်ဟူသမျှ ကင်းစင်ပပျောက်၍ လိုရာဆန္ဒအဝဝတို့ ပြည့်စုံကြစေရန်-


သင်္ဂြိုဟ်ဓမ္မ၊ သင်္ဂဟကား၊ ဒိဋ္ဌ တမလွန်၊ နှစ်တိုင် ခိုင်ပြီး၊ အကျိုးကြီး၏၊


ထီးလိုမင်းလို၊ များကြည်ညိုသည့်၊ လူဗိုလ်မြတ်လေး၊ ရှိနတ်ဆေးတည့်... ဟူသော မဃဒေဝလင်္ကာသစ်၌ မိန့်ဆိုထားသည်နှင့်အညီ ယခုပစ္စုပ္ပန်ဘဝမှာရော နောင်တမလွန်ဘဝမှာပါ အကျိုးကျေးဇူး များ၍ အများ၏ ကြည်ညိုခြင်းကို ခံရနိုင်ခြင်း၊ အတွေ့အကြုံရသမျှသော လူ၊ ဗိုလ် ပရိသတ်တို့၏ ချစ်မြတ်နိုးမှုကိုခံရခြင်း စသောအကျိုးတရာများကို ဖြစ်ပေါ်စေနိုင်သဖြင့် နတ်ဆေးသဖွယ် အစွမ်းထက် လှသော-


- တစ်ဦးနှင့်တစ်ဦး၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ အပြန်အလှန် ပေးကမ်းစွန့်ကြဲခြင်း


- ယဉ်ကျေးသိမ်မွေ့ ချစ်ဖွယ်သောစကားကို ပြောဆိုခြင်း


- သူတစ်ပါးတို့၏ ဆောင်ရွက်ဖွယ်ကိစ္စများကို ကူညီဆောင်ရွက်ပေးခြင်း


- ကိုယ်နှင့်တန်းတူထား၍ အခြားသူများကို ပေါင်းသင်းဆက်ဆံခြင်း၊ ဟူသော -


လေးဖြာသင်္ဂဟ မြတ်ဓမ္မကို နိစ္စအမြဲစိတ်ဝယ်စွဲ၍ နိုင်ငံသူ၊ နိုင်ငံသားတိုင်း ကမ္ဘာသူ၊ ကမ္ဘာသားတိုင်း လိုက်နာဆောင်ရွက်နိုင်ကြပါစေကြောင်း မေတ္တာရေလောင်းလျက် နှစ်သစ်မင်္ဂလာဆုတောင်း ပတ္ထနာ ပြုအပ်ပါသတည်း။ ။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)