(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် သာကေတ မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား ပိုက်ကျော်ခြင်း ပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် သာကေတ မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား ပိုက်ကျော်ခြင်း ပြိုင်ပွဲကျင်းပ

 



MNP -  ဇန်နဝါရီလ ၁

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၌ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲအဖြစ် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလားကို အသက် (၃၅)နှစ်အောက် ဌာနဆိုင်ရာ/ ရပ်ကွက်ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်း ပြိုင်ပွဲအား ဒီဇင်ဘာလ(၂၅)ရက်နေ့မှစ၍ ဌာနဆိုင်ရာ အသင်း(၃)သင်း၊ ရပ်ကွက်အသင်း (၁၃) သင်းတို့မှ (၄)အုပ်စုဖြင့် ပတ်လည်ပွဲများအား ယှဉ်ပြိုင်ခဲ့ကြရာ ယမန်နေ့နံနက် (၈:၀၀) နာရီအချိန်က မြို့နယ်အားကစားကွင်း၌ ဗိုလ်လုပွဲအား ဆက်လက်ယှဉ်ပြိုင်ခဲ့ကြသည်။


အဆိုပါ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲအား ကွာတားပွဲစဉ်များတွင် ရှုံးထွက်စနစ်ဖြင့် ၇/အနောက် ရပ်ကွက်နှင့် ၆/ အရှေ့ရပ်ကွက်၊ ၈ ရပ်ကွက်နှင့် ၅ ရပ်ကွက်၊ ၁၀/ မြောက်ရပ်ကွက်နှင့် ၁၀/တောင်ရပ်ကွက်၊ ၃/မာန်ပြေရပ်ကွက်နှင့် ၆/အနောက်ရပ်ကွက်တို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ၆/အ‌ရှေ့ရပ်ကွက်၊ ၅ ရပ်ကွက်၊ ၁၀/ မြောက် ရပ်ကွက်နင့် ၆/ အနောက်ရပ်ကွက်တို့ အကြိုဗိုလ်လုပွဲသို့ တက်ရောက်သွားကြသည်။ 


အကြို ဗိုလ်လုပွဲတွင် ၆/အရှေ့ရပ်ကွက်နှင့် ၅ ရပ်ကွက်တို့ ယှဉ်ပြိုင်ကစားရာတွင် ၅ ရပ်ကွက်မှ အနိုင်ရရှိပြီး  ၆/အနောက်ရပ်ကွက်က ၁၀/မြောက်ရပ်ကွက်ကို အနိုင်ရရှိကြရာ ဗိုလ်လုပွဲသို့ တက်ရောက်သွား ကြသည်။ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် တတိယလုပွဲကို ၆/အရှေ့ရပ်ကွက်နှင့် ၁၀/မြောက်ရပ်ကွက်တို့ ယှဉ်ပြိုင် ကြရာ ၁၀/မြောက်ရပ်ကွက်က အနိုင်ရရှိပြီး ဗိုလ်လုပွဲတွင် ၆/အနောက်ရပ်ကွက်နှင့် ၅ ရပ်ကွက်တို့ ယှဉ်ပြိုင်ကစားကြရာတွင် ၆/ အနောက် ရပ်ကွက်က အနိုင်ရရှိကာ ပထမဆုကို ၆/အနောက်ရပ်ကွက်၊ ဒုတိယဆုကို( ၅) ရပ်ကွက်နှင့် တတိယဆုကို ၁၀/မြောက်ရပ်ကွက်က အသီးသီး ရရှိသွားကြကြောင်း သိရသည်။


ဆောင်းနှင်းဖြူ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)