အောင်ဆန်းဆရာတော် (ဒေါက်တာ ဘဒ္ဒန္တသဒ္ဓမ္မကိတ္တိသာရ)၏ နှစ်သစ်ကူး ဩဝါဒကထာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အောင်ဆန်းဆရာတော် (ဒေါက်တာ ဘဒ္ဒန္တသဒ္ဓမ္မကိတ္တိသာရ)၏ နှစ်သစ်ကူး ဩဝါဒကထာ


 MNP 

၂၀၂၂-ခုနှစ်မှ၂၀၂၃-ခုနှစ်သို့ နှစ်ကူးတဲ့အခါမှာ နှစ်ဟောင်းကမကောင်းမှုတွေပျောက်ပြီး နှစ်သစ်မှာ ကောင်းမှုတွေရောက်ရှိအောင် နှစ်ဦး၊ နှစ်သစ်မင်္ဂလာအတွက် ကမ္ဘာသူ ကမ္ဘာသား၊ တိုင်းသူပြည်သား အပေါင်းတို့ကို မေတ္တာဓာတ်များမျှဝေပြီး မေတ္တာ ပို့ပေးပါ့မယ်။


ကိုယ်စီကိုယ်ငှ ကိုယ့်ဒေသ၌ ပျော်စံရာသတ္တဝါတို့သည် အိပ်မက်ရာမက် ကောင်းစွာမက်၍ နှစ်သစ်ကြည်သာ အိပ်စက်နိုင်ကြပါစေကုန်သတည်း။ မင်္ဂလာကျက်သရေ ယှက်ဝေလန်းသဖြင့် ဆန်းပွင့်ကြကုန်သည်ဖြစ်၍ ကောင်းစွာမိုးသောက် အလင်းရောက်လျက် ထမြောက်နိုးကြား နိုင်ကြပါစေကုန်သတည်း။ အပယ်ဒုက္ခတိ ရောက်မည့်အကြောင်း မကောင်းမှုဒုစရိုက်မျိုးကို သူတော်လက်နက် တရားစက်ဖြင့် ဖြိုဖျက်နိုင်ကြပါစေကုန်သတည်း။ အလောင်းအလျာအဖြစ် ကောင်းရာသိ သုံးဖြာဆယ့်လေး ပါရမီအပေါင်း အကျင့်ကောင်းကို တစ်ဆင့်ထက် တစ်ဆင့် ရင့်သထက်ရင့်၍ မလွဲပုံသေ ဖြည့်ကျင့်နိုင်ကြပါစေကုန်သတည်း။


၂၀၂၂-ခုနှစ်ကနေ ၂၀၂၃-ခုနှစ်ကို နှစ်သစ်ကူး ပြောင်းသွားတဲ့အခါမှာ နှစ်ဦးမင်္ဂလာအနေနဲ့ မြန်မာ နိုင်ငံသူ နိုင်ငံသား၊ ခုနစ်ရက်သားသမီးများနဲ့ ကမ္ဘာသူကမ္ဘာသားအပေါင်း ကျန်းမာချမ်းသာ ကြည်ကြည်လွင်လွင် ရွှင်ရွှင်ပျပျဖြင့် အမျိုးဘာသာ သာသနာကို စောင့်ရှောက်နိုင်သော ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်များ ဖြစ်စေပြီး မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်နိဗ္ဗာန်ကို ကောင်းကျိုး ချမ်းသာများ ရရှိခံစားစံစားနိုင်ကြပါစေ။ နံနက်မိုးသောက်အလင်းရောက်တဲ့အခါ ကောင်းသောစိတ်၊ ကောင်းသောစကား၊ ကောင်းသောအမူအကျင့် ရှိနိုင်ကြပါစေ။ မြတ်ဗုဒ္ဓဟောကြားတော်မူသည့် အတိုင်း လူတိုင်းကျင့်သုံးသွားကြမယ်ဆိုရင် ကောင်းတာလုပ် ကောင်းတာဖြစ်တဲ့ အကျိုးတရားကို ရရှိစေပါတယ်။ နံနက်ခင်းမှ မိုးချုပ်သည့်အထိ ကောင်းသောစကား၊ မေတ္တာ/ကရုဏာ/မုဒိတာနှင့် ယှဉ်သောစကားများကို ပြောဆိုခြင်းဖြင့် ဘဝတစ်ခုတွင် ချမ်းချမ်းသာသာဖြင့် ကောင်းမွန်စွာနေထိုင် နိုင်ကြပါတယ်။


အားလုံးသော နိုင်ငံသူနိုင်ငံသားများအားလုံး ကောင်းသော ကာယကံ၊ ဝစီကံ၊ မနောကံတို့ကို စောင့်ရှောက်ထိန်းသိမ်းကျင့်သုံးခြင်းအားဖြင့် ဘဝ တွင် အရှုံးမထွက်ဘဲ အမြတ်ထွက်စေပြီး ကောင်းကျိုး ချမ်းသာများ ရရှိခံစားစံစားနိုင်ကြပါစေ။ နှစ်ဦး အချိန်အခါမှစပြီး ဒါန၊ သီလ၊ ဘာဝနာများ ပွားများခြင်းဖြင့် နိုင်ငံသူနိုင်ငံသားအပေါင်း နှလုံးစိတ်ဝမ်းအေးချမ်းပြီး နိုင်ငံတော်ကြီး စည်ကားတိုးတက်ပါစေကြောင်း မေတ္တာများပို့သပါတယ်။ ။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)