အရန်မီးသတ်တပ်ဖွဲ့ဝင် များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်း (၁/၂၀၂၃)သင်တန်း ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အရန်မီးသတ်တပ်ဖွဲ့ဝင် များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်း (၁/၂၀၂၃)သင်တန်း ဖွင့်လှစ်





MNP  -  ဇန်နဝါရီ  ၂

 မွန်ပြည်နယ်၊ပေါင် မြို့နယ်၌ အရန်မီးသတ် တပ်ဖွဲဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း ၁/၂၀၂၃ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဇင်းကျိုက်မြို့နယ်မြေ မီးသတ် ဦးစီးဌာန၊ သင်တန်းခန်းမ၌ ကျင်းပ ပြုလုပ်သည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးထင်လင်းအောင်က သင်တန်းဖွင့်အမှာ စကားပြောကြားပြီး မြို့နယ် မီးသတ် ဦစီးမှူး ဦးမြတ်ကိုကို က သင် တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်  နှင့် သင်တန်းလေ့ကျင့်ရေးအစီအမံ များကိုပြောကြားရာ၌  မီးသတ် ဦးစီးဌာန၏ရည်မှန်းချက် တာဝန် များဖြစ်သည့် မီးဘေးလုံခြုံရေး ၊သဘာဝဘေးအန္တရာယ်  ကာကွယ်  ရေး၊ရှာဖွေကယ်ဆယ်ရေး နှင့် ပြည်သူ့အကျိုးပြူ  လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ပြည်သူ တို့၏အသက်အိုးအိမ်စည်းစိမ်များ အခြားသောဘေးအန္တရာယ်များမှ  ကာကွယ် ရေး လုပ်ငန်းများကို  ပြည်သူ အတွင်းစိမ့်ဝင်ပြန့်နှံစေရန်  အတွက် အရန်မီးသတ်တပ်ဖွဲ့ ဝင် များ၏ စွမ်းဆောင်ရည် မြှင့်တင် ပေးရန် လေ့ကျင့်သင်ကြား ပေးခြင်း ဖြစ်ကြောင်း စေတနာ၊ဝါသနာ၊အနစ်နာ ဖြင့် စိတ်ပါ ဝင်စားစွာ လေ့ကျင့် သင်ယူ ကြရန်  ဆွေးနွေး ပြောကြားခဲ့သည်


ဆက်လက်၍အရန်မီးသတ်တပ်ဖွဲ့ဝင် များအား တူညီဝတ်စုံ များကို မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသံမရောင်ကပေးအပ်ရာ အရန်မီးသတ် တပ်ဖွဲဝင်တစ်ဦးက လက်ခံရယူခဲ့သည်။


အဆိုပါသင်တန်းသို့ ရပ်ကွက်/ ကျေးရွာအတွင်းရှိ သင်တန်းသား သင်တန်းသူ (၅၀)ဦး တက်ရောက်ခဲ့ ပြီးသင်တန်းကာလမှာ ဇန်နဝါရီ ၂ ရက်နေ့မှ ၂၇ ရက်နေ့အထိ (၄)ပတ်  ကြာဖွင့်လှစ်သင်ကြားပေးမည် ဖြစ် ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)